Bio‑Oil® / Bi-Oil® / Bioil®

Bio‑Oil သည် သုတေသနများပြုလုပ်ပြီး အများထက်သာလွန်သော ကုန်ပစ္စည်းစွမ်းဆောင်ရည်ကို အောင်မြင်ရရှိစေရန် အဆီကို အသုံးပြုထားသည့် အထူး အသားအရေစောင့်ရှောက်ရေး ကုန်ပစ္စည်းများကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါသည်။ သြစတြီးယား၊ ချက် သမ္မတနိုင်ငံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆလိုဗားကီးယားနှင့် ဆွစ်ဇာလန်နိုင်ငံများမှလွဲ၍ ကုန်အမှတ်တံဆိပ်ကို Bio‑Oil® အဖြစ် နိုင်ငံအားလုံးတွင် သိရှိကြပါသည်။ ဖော်ပြပါနိုင်ငံများတွင် Bi-Oil® အမည်ကို အသုံးပြုပြီး ဂျပန်နိုင်ငံတွင် Bioil® အမည်ကို အသုံးပြုပါသည်။

ကုန်ပစ္စည်းအကြောင်း

၁၉၈၇ ခုနှစ်တွင် Bio‑Oil က အမာရွတ်များနှင့် အကြောပြတ်ရာများ ပိုမိုမှေးမှိန်သွားအောင် ဆောင်ရွက်ရာတွင် အဆီကို အသုံးပြု၍ ရှေ့ဆောင်တီထွင်ခဲ့ပါသည်။ ထိုအချိန်က ဆိုင်များတွင် ရရှိနိုင်သော ကုန်ပစ္စည်းအားလုံးနီးပါးသည် ခရင်မ် သို့မဟုတ် လိုးရှင်းများသာ ဖြစ်နေခဲ့သောကြောင့် ဤအဆီဖြင့် ပြုလုပ်သော ကုန်ပစ္စည်းအပေါ် သံသယပွားမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ယနေ့အချိန်အခါ၌ ဤကုန်ပစ္စည်းသည် အမာရွတ်နှင့် အကြောပြတ်မှုအတွက် ကမ္ဘာ့ဦးစီးဦးဆောင် ကုန်ပစ္စည်းဖြစ်လာပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် Bio‑Oil က အခြားအရေပြားဆိုင်ရာ ကိစ္စရပ်များကို ကုသရာတွင် အဆီကို အသုံးပြုနိုင်မည့်နည်းအား သုတေသနလုပ်ရန် ရည်ရွယ်သည့် အထူးဓာတ်ခွဲခန်း တစ်ခု တည်ထောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ယင်းက အသားအရေခြောက်ခြင်းကို ကု​သရန်အတွက် အဆီ အခြေခံသော မော်မြူလာတစ်ခုကို မိတ်ဆက်ပေးခဲ့ပါသည်။ ၂၀၂၀ ခုနှစ် တတိယ သုံးလပတ်တွင် Bio‑Oil ၏ မူလ အမာရွတ်နှင့် အကြောပြတ်ရာများအတွက် သဘာဝနည်းကို သုံးထားသော ပစ္စည်းတစ်ခုကို မိတ်ဆက်ပေးမည် ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဓာတ်ခွဲခန်းမှ ဖော်ထုတ်ပေးနိုင်ခဲ့သော အရာအများစုသည် ၂၀၂၁ ခုနှစ်တွင် တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ထွက်လာတော့မည် ဖြစ်ပါသည်။ Bio‑Oil သည် ၎င်း၏ ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ အသားအရေစောင့်ရှောက်ရေး လုပ်ငန်းများအား ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီများထံ ဖြန့်ဖြူး ရောင်းချလျက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူး အာရုံစိုက်လျက် ရှိပါသည်။ Bio‑Oil ထုတ်ကုန်များနှင့်ပတ်သက်ပြီး ထပ်ဆောင်းအချက်အလက်များ ရရှိလိုလျှင် ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဆေးဆိုင်သို့ ကြွလှမ်းခဲ့ပါ။ Bio‑Oil မှ သုတေသနလုပ်ရန် စိတ်ဝင်စားလျက်ရှိသော နယ်ပယ်များကို အောက်တွင် အသေးစိတ် ဖော်ပြပေးထားပါသည်။

အမာရွတ်များနှင့် အကြောပြတ်ရာများ

အဆီတွင် အသားအရေ ပိုမိုကောင်းမွန်လာစေရန်အတွက် ထူးခြားသည့် စွမ်းရည်များ ပါရှိပါသည်။ ရှေးရိုးစဉ်လာအရ အဆီ၏ အကျိုးကျေးဇူးများကို အများဆုံးသိခဲ့ရသည် ဖြစ်သောကြောင့် မည်သို့မည်ပုံ၊ မည်သည်ကြောင့် ဖြစ်သည်ကိုမူ အပြည့်အဝ နားမလည်နိုင်ပါ။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီသည် ကုသမှုပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် ပေးပို့ခဲ့သည့် ပထမဆုံး အဆီထုတ်ကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်ခဲ့ပြီး အမာရွတ်များနှင့် အကြောပြတ်ရာများ၏ အပေါ်ယံကို ပိုမို မှေးမှိန်သွားစေနိုင်ကြောင်း သက်သေပြခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဆရာဝန်များနှင့် ဆေးဝါးပညာရှင်များအနေဖြင့် ဤကုန်ပစ္စည်းကို စတင်တိုက်တွန်းအကြံပြုဖြစ်စေခဲ့ခြင်းသည် ဤလက်တွေ့စမ်းသပ်မှုများ၏ အောင်မြင်မှုပင် ဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီသည် အသားအရေစောင့်ရှောက်ရေးပိုင်းတွင် ၎င်း၏အမည်အတွက် ဆုပေါင်း ၄၀၀ ကျော်ရရှိထားသည့် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ကမ္ဘာ့ဦးစီးဦးဆောင် ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။

အမာရွတ်များနှင့် အကြောပြတ်ရာများအတွက် (သဘာဝ ဖော်မြူလာ)

Bio‑Oil က ၎င်း၏ မူလ အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ၁၀၀% သဘာဝနည်း သုံးထားသော ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီးဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းကို လက်တွေ့စမ်းသပ်စစ်ဆေးစဉ် ၎င်းသည် ယင်းအုပ်စုအတွင်း ဦးစီးဦးဆောင်ဖြစ်နေသည့် ကုန်ပစ္စည်းတစ်ခု၏ အရည်အသွေးအတိုင်းပင်ဖြစ်ကြောင်း ပထမဆုံးအကြိမ် သက်သေပြခဲ့သည့် သဘာဝကုန်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ Bio‑Oil® အသားအရေ ထိန်းဆေးအဆီ (သဘာဝ) က ၂၀၂၀ ခုနှစ် တတိယ သုံးလပတ်တွင် ကမ္ဘာအနှံ့သို့ စတင်​ရောက်ရှိတော့မည် ဖြစ်ပါသည်။

ခြောက်သွေ့သော အသားအရေ

အဆီနှင့် ရေကို ဖန်ခွက်တစ်လုံးထဲ သွန်ချကြည့်လျှင် အဆီက အပေါ်ကို တက်လာပြီး ရေငွေ့ပျံခြင်းကို ရပ်တန့်ပေးပါလိမ့်မည်။ အရေပြားကလည်း ထိုနည်းတူစွာပင် ၎င်း၏မျက်နှာပြင်ပေါ်တွင် မျက်စိဖြင့် မမြင်နိုင်သော အဆီလွှာတစ်ခု ထုတ်လုပ်ခြင်းအားဖြင့် ၎င်း၏ အစိုဓာတ်ကို ထိန်းသိမ်းထားပါသည်။ အရေပြားမှ အစိုဓာတ်ဆုံးရှုံးခြင်းကို ရပ်တန့်နိုင်စေ​ရေး အကောင်းဆုံးနည်းလမ်းမှာ ထိုအလွှာကို အစားဖြည့်ပေးရန်ပင် ဖြစ်ပါသည်။ ခြောက်သွေ့သော အသားအရေအတွက် ရိုးရာကုန်ပစ္စည်းများဖြစ်သော (ခရင်မ်များ၊ လိုးရှင်းများနှင့် ထောပတ်များ) ထဲတွင် ထိုသို့ အစားဖြည့်ပေးရန် ရည်ရွယ်၍ အဆီ၊ ဖယောင်း သို့မဟုတ် ထောပတ် ၂၀% ထည့်ထားပါသည်။ Bio‑Oil® အသားအ​ရေစိုပြေစေသောဂျယ်ထဲတွင် ၈၄% ထည့်ပေးထားပါသည်။ စတင် မိတ်ဆက်ပေးပြီးချိန်မှ ၁၈ လအတွင်း Bio‑Oil® အသားအ​ရေစိုပြေစေသောဂျယ်သည် ယူနိုက်တက် ကင်းဒမ်း၊ ပြင်သစ်၊ အီတလီနှင့် စပိန် နိုင်ငံများတွင် နှစ်အလိုက် အသားအရေစောင့်ရှောက်ရေး ကုန်ပစ္စည်းဆုကို ရရှိခဲ့ပါသည်။

နေ့စဉ် အစိုဓာတ်ဖြည့်ခရင်မ်

အကောင်းဆုံး နေ့စဉ် အစိုဓာတ်ဖြည့်ပေးသည့် အဆီဆိုသည်မှာ ချက်ချင်း အသားထဲစိမ့်ဝင်သွားပြီး စေးကပ်ကပ် မကျန်ရစ်စေဘဲ အဝတ်အစား ချက်ချင်းဝတ်၍ ရစေသည့် ပစ္စည်းမျိုး ဖြစ်သည်။ အစိုဓာတ်ဖြည့်ပေးသည့်အခါ အစိုဓာတ်ကို ကူညီ ထိန်းထားပေးရန်အတွက် အရေပြားပေါ်တွင် အဆီလွှာတစ်ခု ချန်ထားပေးဖို့ လိုအပ်သောကြောင့် နည်းပညာအရ ထိုသို့ လုပ်ဆောင်ရန်မှာ ခက်ခဲလှပါသည်။ Bio‑Oil က အဆီပါဝင်မှုမြင့်ပြီး အရေပြားပေါ်တွင် စေးကပ်ကပ် မကျန်ရစ်စေသော မျက်စိဖြင့် မမြင်နိုင်သည့် ပိုးသားပမာနူးညံ့သောအလွှာတစ်ခု ချန်ထားပေးသည့် အစိုဓာတ်ဖြည့် ခရင်မ်တစ်ခုကို ထုတ်လုပ်လိုက်ပါသည်။ Bio‑Oil® စွမ်းအားပြည့် အစိုဓာတ်ဖြည့်ခရင်မ် (အဆီ အမြင့်ဆုံး) သည် လက်ရှိတွင် ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးမှု နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်ထဲတွင် စတင်မိတ်ဆက်ရန် မျှော်မှန်းထားပါသည်။

ကိုယ်သင်းရနံ့

မွှေးပျံ့သည့် ရနံ့က ပြီးပြည့်စုံသော ဖြီးလိမ်းပြင်ဆင်မှုပုံစံ ဖြစ်ပါသည်။ ၎င်းသည် အပြီးသတ် မွမ်းမံမှုဖြစ်ပြီး လက်တွေ့ကျမှု အနည်းဆုံးဖြစ်သော်လည်း စွမ်းအားအထက်ဆုံး အရာဖြစ်ပါသည်။ Bio‑Oil သည် နှင်းဆီပန်း၊ လိမ္မော်ပန်းနှင့် စံပါယ်ပန်းများ၏ အဆီကိုထုတ်ပြီး ဖြီးလိမ်းပြင်ဆင်ရာတွင် အပြီးသတ် မွမ်းမံမှုအဖြစ် အသုံးတော်ခံရန် ဘော်ဒီစပရေးများအဖြစ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါသည်။ ယခင်အချိန်တုန်းက Bio Oil သုတေသနများသည် အရေပြားပြဿနာများအား ဖြေရှင်းရာတွင် အဆီကို မည်သို့အသုံးချရမည်ကို အာရုံစူးစိုက်ခဲ့ပြီး ယခုအခါတွင် မွှေးရနံ့ အားဖြည့်ဖို့ သက်သက်အတွက် အဆီ၏စွမ်းအင်ကို ပထမဆုံးအကြိမ်အဖြစ် Bio‑Oil က စူးစမ်းရှာဖွေလိုက်ပြီဖြစ်ပါသည်။ ကိုယ်သင်းရနံ့များကို စမ်းသပ်လေ့လာနေပြီး ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် (Q2) တွင် မိတ်ဆက်ဖြန့်ဖြူးရောင်းချပေးရန် မျှော်မှန်းထားပါသည်။

ဗီတာမင် နေ​ရောင်ခြည်ဒဏ်ခံလိမ်းဆေး

Bio‑Oil သည် နေရောင်ခြည်နှင့် ထိတွေ့သည့်အချိန်တွင် အရေပြား၏ သဘာဝ ခုခံကာကွယ်အားကို ကူညီမြှင့်တင်ပေးရန် ဗီတာမင် အပြည့်ပါသော နေရောင်ခြည်ဒဏ်ခံ လိမ်းဆေးတစ်မျိုးကို ထုတ်လုပ်ထားပါသည်။ Bio‑Oil® ဗီတာမင်ပေါင်းစုံ SPF50 သည် စမ်းသပ်စစ်ဆေးမှုများ၏ ကနဦးအဆင့်တွင် ရောက်ရှိနေပြီး ၂၀၂၁ ခုနှစ် တတိယ သုံးလပတ်တွင် မိတ်ဆက်ပေးဖို့ မျှော်မှန်းထားပါသည်။

နူးနူးညံ့ညံညံ့ ဆေးကြောသန့်စင်ခြင်း

ဆပ်ပြာများနှင့် ဆေးကြောသန့်စင်သည့် ပစ္စည်းများထဲတွင် ကြမ်းတမ်းသော ပါဝင်ပစ္စည်းများ ပါဝင်ပြီး အရေပြားကိုဖျက်ဆီးသောကြောင့် အရေပြားသည် သူ့ဖာသာ ပြုပြင်ရန် တစ်ချိန်လုံး အားထုတ်ကြိုးပမ်းရပါသည်။ လူတော်တော်များများက ထိုပစ္စည်းများတွင်ရှိသော အရေပြား၏ အခြေအနေအပေါ်ထိခိုက်မှုများကို မသိ မမြင်ကြပေ။ ထို့အတွက်ကြောင့် နူးနူးညံ့ညံ့ဆေးကြောသန့်စင်မှုသည် သဘာဝ ရှင်သန်စွမ်းကို ဆုံးရှုံးသွားသော အသားအရေကို တိုးတက်ကောင်းမွန်စေရန် ပထမဆုံးအဆင့်ပင် ဖြစ်ပါသည်။ Bio‑Oil တွင် ကနဦး စမ်းသပ်မှု အဆင့်တွင်ပင် အလွန်တရာမှ နူးညံ့လှသော ဆေးကြောသန့်စင်နိုင်စွမ်း ရှိနေပါသည်။ ကုန်ပစ္စည်း၏ အမည်ကိုမူ အတည်ပြု သတ်မှတ်ရခြင်း မရှိသေးပါ။

အဆုံးသတ်- ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံခဲ့သည်





ဤဝက်ဘ်ဆိုက်သည် ကိုယ်​ရေးအချက်အလက် လုံခြုံ​ရေး မူဝါဒ တွင် ပါသည့်အတိုင်း ကွတ်ကီးများကို အသုံးပြုထားပါသည်။ ကွတ်ကီးများ အသုံးပြုမည်ကို သင် သဘောတူပါက ကျေးဇူးပြု၍ လက်ခံပါသည်ကို နှိပ်ပါ။
လက်ခံပါသည်
ကိုယ်​ရေးအချက်အလက် လုံခြုံ​ရေး မူဝါဒ

ဤဝက်ဘ်ဆိုက်ကို သင်၏ကိရိယာပေါ်တွင် မှန်မှန်ကန်ကန် ဖွင့်နိုင်ရန် သင်၏ ဘရောင်ဇာ အချက်အလက်အသေးစိတ်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ကျွန်ုပ်တို့က ကွတ်ကီများအသုံးပြုခြင်းကို သင် လက်ခံလိုက်မှသာ သင်၏ ကိရိယာပေါ်တွင် ဒေတာဖိုင်အသေးစားတစ်ခုကို ကျွန်ုပ်တို့တင်လိုက်ပြီး ယင်းက သင်၏တည်နေရာ၊ လုပ်ဆောင်ချက်နှင့် ဦးစားပေးချက်များကို ကျွန်ုပ်တို့ မှတ်သားထားနိုင်ပြီး သင့်အတွက် သုံးစွဲမှု အတွေ့အကြုံကို မြှင့်တင်ပေးနိုင်ပါမည်။ အထက်ပါ အသုံးပြုမှုမှလွဲပြီး ဥပဒေအရ လိုအပ်မှုမရှိပါက သင်၏ဒေတာများကို အခြားသူများထံ ကျွန်ုပ်တို့ မျှဝေမည်မဟုတ်ပါ။