ကုန်ပစ္စည်းအမည်နှင့် အရွယ်အစားများ
အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၂၅ မီလီလီတာ
အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၆၀ မီလီလီတာ
အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၁၂၅ မီလီလီတာ
အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၂၀၀ မီလီလီတာ
ရှင်းလင်းဖော်ပြချက်
100% သဘာဝ အသားအရေထိန်းသိမ်းမှုအဆီသည် အမာရွတ်များနှင့် အကြောပြတ်ရာများကို ပိုမိုမှေးမှိန်သွားစေကြောင်း လက်တွေ့စမ်းသပ် သက်သေပြထားသည်။
အညွှန်းများ
အမာရွတ်များ
အမာရွတ်အဟောင်းများနှင့်အသစ်များကို သက်သာပျောက်ကင်းစေသည်။
အကြောပြတ်ရာများ
အကြောပြတ်ရာများကို သက်သာပျောက်ကင်းစေသည်။ ထို့အပြင် အရေပြား၏ ဆန့်ကျုံ့နိုင်မှုကို မြှင့်တင်ပေးသောကြောင့် အကြောပြတ်ရာများ ဖြစ်ပေါ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။
အသားအရေအရောင် မညီညာခြင်း
အသားအရေအရောင် မညီညာခြင်းကို သက်သာပျောက်ကင်းစေသည်။
အရေပြားအိုမင်းရင့်ရော်ခြင်း
မျက်နှာနှင့် ခန္ဓာကိုယ်ရှိ အရေပြားအိုမင်းရင့်ရော်မှုကို သက်သာပျောက်ကင်းစေသည်။
ရေဓာတ်ခန်းခြောက်သော အသားအရေ
အစိုဓာတ်ဆုံးရှုံးမှုကို လျှော့ချပေးပြီး ရေဓာတ်ခန်းခြောက်သော အသားအရေကို ပိုမိုစိုပြေကောင်းမွန်လာစေသည်။
သွင်ပြင်ပုံစံ
အဝါဖျော့ဆီ။
ပါဝင်ပစ္စည်းများ
Glycine Soja Oil, Helianthus Annuus Seed Oil, Carthamus Tinctorius Seed Oil, Simmondsia Chinensis Seed Oil, Salvia Hispanica Seed Oil, Punica Granatum Seed Oil, Plukenetia Volubilis Seed Oil, Triticum Vulgare Germ Oil, Rosa Canina Fruit Oil, Calendula Officinalis Extract, Lavandula Angustifolia Oil, Rosmarinus Officinalis Leaf Oil, Anthemis Nobilis Flower Oil, Pogostemon Cablin Leaf Oil, Bisabolol, Tocopherol.
သဘာဝပစ္စည်းဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် 100% သဘာဝပါဝင်ပစ္စည်းနှင့် 100% မူလသဘာဝမှရရှိသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း ISO 16128 အသိအမှတ်ပြုလက်မှတ်ကို ရရှိထားသည်။
အမာရွတ် လက်တွေ့စမ်းသပ်ချက်
စမ်းသပ်လေ့လာမှုဌာန
proDERM Institute၊ လက်တွေ့အသုံးချ အရေပြားရောဂါကုသမှုဆိုင်ရာ သုတေသနဌာန၊ ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့။
ရည်မှန်းချက်
အမာရွတ်များကို ပိုမိုသက်သာလာစေသော Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသည့် စမ်းသပ်ခံအမျိုးသမီး 40 ဦး။ အမာရွတ်သက်တမ်း- လတ်တလော အမာရွတ်အသစ်မှ 3 နှစ်ကြာ အမာရွတ်အထိ။ အမာရွတ်ရှိသည့်နေရာများ- အကြီးစား ပွန်းရှဒဏ်ရာများ၊ ပြတ်ရှရာများ သို့မဟုတ် ခွဲစိတ်ချုပ်ရာ အမာရွတ်များရှိသော မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။
နည်းစနစ်
ဘာမျှမသိထားသော အကဲဖြတ်သူ၊ ကျပန်းရွေးချယ်ထားသော ရုပ်ပုံအကဲဖြတ်ချက်၊ စမ်းသပ်မည့်ကုန်ပစ္စည်းကို နှစ်ဦးနှစ်ဖက်စလုံးက သိထားသော လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူ (မ) အားလုံးကို အရေပြားအထူးကုဆရာဝန်တစ်ဦးက လူနာနှင့် စောင့်ကြည့်သူ၏ အမာရွတ်အနေအထား အကဲဖြတ်မှုစကေး (POSAS) ကို အသုံးပြု၍ အကဲဖြတ်ပေးခဲ့သည်။ သတ်မှတ်ထားသော အမာရွတ်နှင့် ပတ်ပတ်လည် အရေပြားပေါ်တွင် စက်ဝိုင်းပုံ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ကုန်ပစ္စည်းကို တစ်နေ့လျှင် နှစ်ကြိမ် 8 ပတ်ကြာ လိမ်းခဲ့သည်။ ပုံမှန် အချိန်ခြားပြီး ကြီးကြပ်မှုဖြင့် လိမ်းပါသည်။ အဓိက ရည်ရွယ်ချက်မှာ စလိမ်းလိမ်းချင်း၊ 2 ပတ်၊ 4 ပတ်နှင့် 8 ပတ်မြောက်တို့တွင် POSAS အရ စစ်ဆေးထားသော အရေပြားပေါ်တွင် ကုန်ပစ္စည်း၏ အာနိသင် သက်ရောက်မှုကို အကဲဖြတ်ရန်ဖြစ်သည်။ လေ့လာမှုပြီးဆုံးချိန် နောက်ထပ်သတ်မှတ်ချက်စစ်ဆေးမှု၌ လေ့ကျင့်ထားသော အကဲဖြတ်သူနှင့် ကိုယ်တိုင် ပါဝင်စမ်းသပ်ခံသူ 6 ဦးက ပုံဖြင့် အလှအပဆိုင်ရာ ရလဒ်အကဲဖြတ်မှုနှင့် အမာရွတ်များက ၎င်း၏ပတ်ပတ်လည်ရှိ အရေပြားနှင့် အသားအရေအရောင် ကွဲပြားမှုကို အရောင်တိုင်းစက်ဖြင့် တိုင်းတာမှုတို့ ပါဝင်ခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် အမာရွတ်များကို ပိုမိုသက်သာလာစေသည့် အာနိသင်ရှိသည်။ 2 ပတ်မျှသာ ကြာပြီးနောက် ပါဝင်စမ်းသပ်ခံသူ 94% တွင် POSAS ကိန်းဂဏန်း အချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှု ရှိခဲ့သည် (OSAS နှင့် PSAS ဆိုင်ရာ တစ်သမတ်တည်းနှင့် တစ်သီးပုဂ္ဂလ အကဲဖြတ်ချက် နှစ်ရပ်လုံးကို ထည့်သွင်းစဉ်းစားသည်)။ 8 ပတ်အကြာတွင် ပါဝင်စမ်းသပ်ခံသူ 100% ၌ သိသိသာသာ တိုးတက်မှုကို ပြသခဲ့ပြီး 2 ပတ်အကြာက တွေ့ရှိခဲ့သည်ထက် နှစ်ဆကျော် တိုးတက်လာခဲ့သည်။ လေ့လာမှုကာလတစ်လျှောက် POSAS ၏ စဉ်ဆက်မပြတ်နှင့် သိသာထင်ရှားသော တိုးတက်မှု။
အကြောပြတ်ရာ လက်တွေ့စမ်းသပ်ချက်
စမ်းသပ်လေ့လာမှုဌာန
proDERM Institute၊ လက်တွေ့အသုံးချ အရေပြားရောဂါကုသမှုဆိုင်ရာ သုတေသနဌာန၊ ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့။
ရည်မှန်းချက်
အကြောပြတ်ရာများကို ပိုမိုသက်သာလာစေသော Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသည့် ပါဝင်စမ်းသပ်ခံသူ အမျိုးသမီး 36 ဦး။ အကြောပြတ်ရာဖြစ်စေသည့် အကြောင်းရင်းများ- အကြောင်းအမျိုးမျိုး (ကိုယ်ဝန်ဆောင်ပြီးနောက်၊ ကိုယ်အလေးချိန်တက်ခြင်း၊ ကြွက်သားကျစ်လျစ်အောင် ကစားခြင်း သို့မဟုတ် ဆယ်ကျော်သက်အရွယ် တစ်ဟုန်ထိုး ကြီးထွားဖွံ့ဖြိုးမှု)။ အကြောပြတ်ရာရှိသည့် နေရာများ- ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင်နှင့် တင်ပါးများ။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။
နည်းစနစ်
ဘာမျှမသိထားသော အကဲဖြတ်သူ၊ ကျပန်းရွေးချယ်ထားသော ရုပ်ပုံအကဲဖြတ်ချက်၊ စမ်းသပ်မည့်ကုန်ပစ္စည်းကို နှစ်ဦးနှစ်ဖက်စလုံးက သိထားသော လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူ (မ) အားလုံးကို ဆရာဝန်တစ်ဦးက Mallol ရမှတ်နှင့်အညီ အကဲဖြတ်ပေးခဲ့သည်။ ကုန်ပစ္စည်းကို သတ်မှတ်ထားသော အရေပြားရှိ အစင်းကြောင်းပြတ်ရာများနှင့် ပတ်ပတ်လည် အရေပြားပေါ်တွင် စက်ဝိုင်းပုံ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် တစ်နေ့နှစ်ကြိမ် 8 ပတ်ကြာ လိမ်းပေးခဲ့သည်။ ပုံမှန် အချိန်ခြားပြီး ကြီးကြပ်မှုဖြင့် လိမ်းပါသည်။ အဓိက ရည်ရွယ်ချက်မှာ စလိမ်းလိမ်းချင်း၊ 2 ပတ်၊ 4 ပတ်နှင့် 8 ပတ်မြောက်တို့တွင် လူနာနှင့် စောင့်ကြည့်သူ၏ အမာရွတ်အနေအထား အကဲဖြတ်မှုစကေး (POSAS) အရ အရေပြားပေါ်တွင် ကုန်ပစ္စည်း၏ အာနိသင် သက်ရောက်မှုကို အကဲဖြတ်ရန်ဖြစ်သည်။ လေ့လာမှုပြီးဆုံးချိန် နောက်ထပ်သတ်မှတ်ချက်စစ်ဆေးမှု၌ လေ့ကျင့်ထားသော အကဲဖြတ်သူနှင့် ကိုယ်တိုင် ပါဝင်စမ်းသပ်ခံသူ 6 ဦးက ပြုလုပ်သော ပုံဖြင့်အလှအပဆိုင်ရာ ရလဒ်အကဲဖြတ်မှု ပါဝင်ခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အကြောပြတ်ရာများကို ပိုမိုသက်သာလာစေသည့် အာနိသင်ရှိသည်။ 2 ပတ်မျှသာ ကြာပြီးနောက် ပါဝင်စမ်းသပ်ခံသူ 71% တွင် POSAS ကိန်းဂဏန်း အချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှု ရှိခဲ့သည် (OSAS နှင့် PSAS ဆိုင်ရာ တစ်သမတ်တည်းနှင့် တစ်သီးပုဂ္ဂလ အကဲဖြတ်ချက် နှစ်ရပ်လုံးကို ထည့်သွင်းစဉ်းစားသည်)။ 8 ပတ်အကြာတွင် စမ်းသပ်ခံသူ 97% ၌ သိသိသာသာ တိုးတက်မှုကို ပြသခဲ့ပြီး 2 ပတ်အကြာက တွေ့ရှိခဲ့သည်ထက် 5 ဆ တိုးတက်လာခဲ့သည်။ လေ့လာမှုကာလတစ်လျှောက် POSAS ၏ စဉ်ဆက်မပြတ်နှင့် သိသာထင်ရှားသော တိုးတက်မှု။
အသားအရေအရောင် မညီညာခြင်း လက်တွေ့စမ်းသပ်ချက်
စမ်းသပ်လေ့လာမှုဌာန
Thomas J. Stephens & Associates, Inc., တက္ကဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။
ရည်မှန်းချက်
မျက်နှာနှင့် လည်ပင်းတွင် အနည်းငယ်မှ အတန်အသင့် နေလောင်ထားသော (အိုမင်းရင့်ရော်နေသော) အသားအရေရှိသည့် အမျိုးသမီးများ အသုံးပြုသည့်အခါ အသားအရေအရောင် မညီညာခြင်းနှင့် ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိတ်ရာများကို ပိုမိုသက်သာလာစေသည့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- မျက်နှာနှင့် လည်ပင်းတွင် အနည်းငယ်မှ အတန်အသင့် နေလောင်ထားကြောင်း လက်တွေ့စမ်းသပ်ဆုံးဖြတ်ထားသည့် ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသူ ပါဝင်စမ်းသပ်ခံအမျိုးသမီး 57 ဦး။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 28 ဦး ပါဝင်ပြီး ဆီမလိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 29 ဦး ပါဝင်ခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 30-70 နှစ်။
နည်းစနစ်
ကျပန်းရွေးချယ်ထားကာ ထိန်းချုပ်ထားသည့် အစွမ်းအာနိသင်နှင့်ပတ်သက်၍ အချက်အလက်လျှို့ဝှက်ထားသော လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူများသည် ကနဦး စစ်ဆေးအကဲဖြတ်မှုတွင် ပါဝင်ခဲ့ကြပြီးနောက် 1 ပတ်ကြာ ဘာမှမသုံးဘဲ နေခဲ့သည်။ ကုန်ပစ္စည်းကို မျက်နှာနှင့် လည်ပင်းတွင် တစ်နေ့နှစ်ကြိမ်ဖြင့် 16 ပတ်ကြာ လိမ်းခဲ့သည်။ ကနဦးအကဲဖြတ်မှု ခံယူရန် လာရောက်ချိန်တွင် ကြီးကြပ်ပေးမှုဖြင့် လိမ်းခဲ့သည်။ ဆီစလိမ်းချိန်၊ 2 ပတ်မြောက်၊ 4 ပတ်မြောက်၊ 8 ပတ်မြောက်နှင့် 16 ပတ်မြောက်တွင် လက်တွေ့စမ်းသပ်အကဲဖြတ်ချက်များကို ပြုလုပ်ခဲ့သည်။ မျက်နှာနှင့် လည်ပင်းရှိ အသားအရေအရောင် မညီညာခြင်းနှင့် ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်ဖြစ်နေမှုများအလိုက် ပါဝင်စမ်းသပ်ခံသူများအား လက်တွေ့အကဲဖြတ်၍ အဆင့်သတ်မှတ်ခဲ့ပါသည်။ ပါဝင်စမ်းသပ်ခံသူ (မ) တစ်ဦးစီ၏ မျက်နှာနှင့် လည်ပင်းတို့ကိုလည်း ဒစ်ဂျစ်တယ်ပုံများ ရိုက်ယူခဲ့ပြီး လေ့လာမှုပြီးဆုံးချိန်တွင် ဓာတ်ပုံကြည့်ရှု၍ အဆင့်သတ်မှတ်ခြင်းကို ပြုလုပ်ခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် နေလောင်သော (အိုမင်းရင့်ရော်သော) အသားအရေတွင် အသားအရေအရောင် မညီညာခြင်းနှင့် ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်အလုံးစုံကို ပိုမိုသက်သာလာစေသည့် အာနိသင်ရှိသည်။ 16 ပတ်အကြာတွင် လက်တွေ့စမ်းသပ်မှုနှင့် ဓာတ်ပုံအဆင့်သတ်မှတ်ချက်အရ မျက်နှာနှင့် လည်ပင်းပေါ်ရှိ သတ်မှတ်ချက်နှစ်ခုလုံးအတွက် ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော ရလဒ်ကို ရရှိခဲ့သည်။ 16 ပတ်ကြာပြီးနောက် ပါဝင်စမ်းသပ်ခံသူ 61% တွင် အသားအရေအရောင် မညီညာခြင်း သက်သာလာပြီး ပါဝင်စမ်းသပ်ခံသူ 57% တွင် ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်များ သက်သာလာသည့် ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှုကို ပြသခဲ့သည်။
အိုမင်းရင့်ရော်သည့်အသားအရေ လက်တွေ့စမ်းသပ်ချက်
စမ်းသပ်လေ့လာမှုဌာန
Thomas J. Stephens & Associates, Inc., တက္ကဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။
လေ့လာမှု 1- မျက်နှာနှင့် လည်ပင်း
ရည်မှန်းချက်
မျက်နှာနှင့် လည်ပင်းတွင် အနည်းငယ်မှ အတန်အသင့် နေလောင်ထားသော (အိုမင်းရင့်ရော်နေသော) အသားအရေရှိသည့် အမျိုးသမီးများ အသုံးပြုသည့်အခါ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- မျက်နှာနှင့် လည်ပင်းတွင် အနည်းငယ်မှ အတန်အသင့် နေလောင်ထားကြောင်း လက်တွေ့စမ်းသပ်ဆုံးဖြတ်ထားသည့် ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသူ ပါဝင်စမ်းသပ်ခံအမျိုးသမီး 57 ဦး။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 28 ဦး ပါဝင်ပြီး ဆီမလိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 29 ဦး ပါဝင်ခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 30-70 နှစ်။
နည်းစနစ်
ကျပန်းရွေးချယ်ထားကာ ထိန်းချုပ်ထားသည့် အစွမ်းအာနိသင်နှင့်ပတ်သက်၍ အချက်အလက်လျှို့ဝှက်ထားသော လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူများသည် ကနဦး စစ်ဆေးအကဲဖြတ်မှုတွင် ပါဝင်ခဲ့ကြပြီးနောက် 1 ပတ်ကြာ ဘာမှမသုံးဘဲ နေခဲ့သည်။ ကုန်ပစ္စည်းကို မျက်နှာနှင့် လည်ပင်းတွင် တစ်နေ့နှစ်ကြိမ်ဖြင့် 16 ပတ်ကြာ လိမ်းခဲ့သည်။ ကနဦးအကဲဖြတ်မှု ခံယူရန် လာရောက်ချိန်တွင် ကြီးကြပ်ပေးမှုဖြင့် လိမ်းခဲ့သည်။ ဆီစလိမ်းချိန်၊ 2 ပတ်မြောက်၊ 4 ပတ်မြောက်၊ 8 ပတ်မြောက်နှင့် 16 ပတ်မြောက်တွင် လက်တွေ့စမ်းသပ်အကဲဖြတ်ချက်များကို ပြုလုပ်ခဲ့သည်။ ဖော်ပြပါ အစွမ်းထက်မှု အာနိသင် သတ်မှတ်ချက်များအတွက် ပါဝင်စမ်းသပ်ခံသူ၏ မျက်နှာနှင့် လည်ပင်းအခြေအနေများအလိုက် လက်တွေ့စမ်းသပ်အဆင့်ခွဲထားသည်- အရေးအကြောင်းများ၊ ကြမ်းတမ်းသော အရေးအကြောင်းများ၊ သိသိသာသာ မြင်ရသော ကြမ်းတမ်းမှု / ချောမွေ့မှု၊ ထိတွေ့ရာတွင် ကြမ်းတမ်းမှု / ချောမွေ့မှု၊ ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်၊ အသားအရေအရောင် မညီညာခြင်း၊ ကြည်လင်မှု (မကြည်လင်မှု)၊ သိသိသာသာ မြင်ရသော တင်းရင်းမှုနှင့် အလုံးစုံ အသွင်အပြင် အကဲဖြတ်မှု။ ပါဝင်စမ်းသပ်ခံသူ (မ) တစ်ဦးစီ၏ မျက်နှာနှင့် လည်ပင်းတို့ကိုလည်း ဒစ်ဂျစ်တယ်ပုံများ ရိုက်ယူခဲ့ပြီး လေ့လာမှုပြီးဆုံးချိန်တွင် ဓာတ်ပုံကြည့်ရှု၍ အဆင့်သတ်မှတ်ခြင်းကို ပြုလုပ်ခဲ့သည်။ အကြိမ်တိုင်းတွင် ရိုက်ယူထားသော ပုံများကို နေရာအနှံ့တွင် အရေးကြောင်းများ၊ ကြမ်းတမ်းသောအရေးအကြောင်းများ၊ ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်၊ အသားအရေအရောင် မညီညာခြင်း၊ ကြည်လင်မှု (မွဲခြောက်မှု) ရှိ၊ မရှိနှင့် အပြင်ပန်းသွင်ပြင် ခြုံငုံစစ်ဆေးမှုဖြင့် အဆင့်သတ်မှတ်ထားပါသည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် မျက်နှာနှင့် လည်ပင်းရှိ နေလောင်သော (အိုမင်းရင့်ရော်သော) အသားအရေ အလုံးစုံကို ပိုမိုကျန်းမာ၍ စိုပြည်လာစေသည့် အာနိသင်ရှိသည်။ 16 ပတ်အကြာတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ဆီလိမ်းထားသော စမ်းသပ်ခံအုပ်စုသည် လက်တွေ့စမ်းသပ်မှုနှင့် ဓာတ်ပုံရိုက်ယူ၍ အဆင့်သတ်မှတ်ထားသော အစွမ်းထက်မှု အာနိသင် သတ်မှတ်ချက်အားလုံးအတွက် ဆီမလိမ်းဘဲ သဘာဝအတိုင်းထားရှိသော စမ်းသပ်ခံအုပ်စုထက် စွမ်းဆောင်ရည်ပိုင်းတွင် သိသိသာသာ သာလွန်ခဲ့သည်။ ဟိုတစ်ကွက်ဒီတစ်ကွက် တင်းတိပ်ရာမှလွဲ၍ 4 ပတ်မှစပြီး တိုးတက်မှုကို လက်တွေ့စမ်းသပ်မှုတွင် တွေ့ရှိခဲ့သည်။ 16 ပတ်အကြာတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသော လူအုပ်စုမှ ပါဝင်စမ်းသပ်ခံသူ 54% ၏ မျက်နှာနှင့် လည်ပင်းအသားအရေ အလုံးစုံအသွင်အပြင်တွင် ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှုကို ပြသခဲ့သည်။
လေ့လာမှု 2- ခန္ဓာကိုယ်
ရည်မှန်းချက်
ရင်ညွန့်နေရာ၊ ခြေထောက်အောက်ပိုင်းနှင့် လက်မောင်းအရေပြားတို့တွင် အပျော့စားနှင့် သာမန်အဆင့် နေလောင်ခြင်း (အိုမင်းရင့်ရော်ခြင်း) ဖြစ်နေသည့် အမျိုးသမီးများ၌ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) အား အသုံးပြုသည့်အခါ ၎င်း၏ အစွမ်းထက်မှု အာနိသင်ထိရောက်မှုကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- မျက်နှာနှင့် လည်ပင်းတွင် အနည်းငယ်မှ အတန်အသင့် နေလောင်ထားကြောင်း လက်တွေ့စမ်းသပ်ဆုံးဖြတ်ထားသည့် ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသူ ပါဝင်စမ်းသပ်ခံအမျိုးသမီး 57 ဦး။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 28 ဦး ပါဝင်ပြီး ဆီမလိမ်းထားသော လူအုပ်စုတွင် ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) 29 ဦး ပါဝင်ခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 30-70 နှစ်။
နည်းစနစ်
ကျပန်းရွေးချယ်ထားကာ ထိန်းချုပ်ထားသည့် အစွမ်းအာနိသင်နှင့်ပတ်သက်၍ အချက်အလက်လျှို့ဝှက်ထားသော လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူများသည် ကနဦး စစ်ဆေးအကဲဖြတ်မှုတွင် ပါဝင်ခဲ့ကြပြီးနောက် 1 ပတ်ကြာ ဘာမှမသုံးဘဲ နေခဲ့သည်။ ကုန်ပစ္စည်းကို ရင်ညွန့်နေရာ၊ ခြေသလုံးနှင့် လက်မောင်းများတွင် တစ်နေ့နှစ်ကြိမ်ဖြင့် 16 ပတ်ကြာ လိမ်းခဲ့သည်။ ကနဦးအကဲဖြတ်မှု ခံယူရန် လာရောက်ချိန်တွင် ကြီးကြပ်ပေးမှုဖြင့် လိမ်းခဲ့သည်။ ဆီစလိမ်းချိန်၊ 2 ပတ်မြောက်၊ 4 ပတ်မြောက်၊ 8 ပတ်မြောက်နှင့် 16 ပတ်မြောက်တွင် လက်တွေ့စမ်းသပ်အကဲဖြတ်ချက်များကို ပြုလုပ်ခဲ့သည်။ ဖော်ပြပါ အစွမ်းထက်မှု အာနိသင် သတ်မှတ်ချက်များအတွက် ပါဝင်စမ်းသပ်ခံသူများ၏ ရင်ညွန့်နေရာ၊ ခြေသလုံးနှင့် လက်မောင်းအခြေအနေများအလိုက် သီးခြားစီ လက်တွေ့စမ်းသပ်အဆင့်ခွဲထားသည်- သိသိသာသာ မြင်ရသော ကြမ်းတမ်းမှု / ချောမွေ့မှု၊ ထိတွေ့ရာတွင် ကြမ်းတမ်းမှု/ချောမွေ့မှု၊ ခြောက်သွေ့မှု / အရေခွံကွာမှု၊ သိသိသာသာမြင်ရသော အရေပြားတွန့်ခြင်းနှင့် အလုံးစုံ အသွင်အပြင် အကဲဖြတ်မှု။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် ခန္ဓာကိုယ်ပေါ်ရှိ နေလောင်သော (အိုမင်းရင့်ရော်သော) အသားအရေအလုံးစုံကို ပိုမိုကျန်းမာ၍ စိုပြည်လာစေသည့် အာနိသင်ရှိသည်။ 2 ပတ်အကြာတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ဆီလိမ်းထားသော စမ်းသပ်ခံအုပ်စုသည် လက်တွေ့အဆင့်သတ်မှတ်ထားသော အစွမ်းထက်မှု အာနိသင် သတ်မှတ်ချက်အားလုံးအတွက် ဆီမလိမ်းဘဲ သဘာဝအတိုင်းထားရှိသော စမ်းသပ်ခံအုပ်စုထက် စွမ်းဆောင်ရည်ပိုင်းတွင် သိသိသာသာ သာလွန်ခဲ့သည်။ 16 ပတ်အကြာတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသော လူအုပ်စုမှ ပါဝင်စမ်းသပ်ခံသူ 82% တွင် ရင်ညွန့်နေရာအလုံးစုံအသွင်အပြင် စိုပြည်ကျန်းမာမှု၊ ပါဝင်စမ်းသပ်ခံသူ 93% တွင် ခြေသလုံးနေရာအလုံးစုံအသွင်အပြင် စိုပြည်ကျန်းမာမှု၊ ပါဝင်စမ်းသပ်ခံသူ 71% တွင် လက်မောင်းနေရာအလုံးစုံအသွင်အပြင် စိုပြည်ကျန်းမာမှုရှိပြီး ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှုကို ပြသခဲ့သည်။
ရေဓာတ်ခန်းခြောက်သော အသားအရေ လက်တွေ့စမ်းသပ်ချက်
စမ်းသပ်လေ့လာမှုဌာန
Complife Italia S.r.l၊ အီတလီ။
လေ့လာမှု 1- အရေပြားအပြင်ဘက်ဆုံးအလွှာ ရေဓာတ်ဖြည့်ပေးနိုင်မှုနှင့် ရေဓာတ် ဆုံးရှုံးမသွားအောင် တားဆီးပေးနိုင်မှု
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တစ်ကြိမ်လိမ်းရုံဖြင့် အရေပြားအပြင်ဘက်ဆုံးအလွှာ (SC) ကို ရေဓာတ်ပိုမိုဖြည့်တင်းပေးနိုင်မှုနှင့် အပေါ်ယံလွှာကို ပိုမိုကာကွယ်ပေးနိုင်မှု အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသည့် စမ်းသပ်ခံအမျိုးသမီး 40 ဦး။ စမ်းသပ်ရာနေရာ- စမ်းသပ်ကုန်ပစ္စည်းကို ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) အားလုံး၏ လက်ဖျံတွင် လိမ်းပေးခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။
နည်းစနစ်
ကျပန်းရွေးချယ်ထားပြီး အချက်အလက်လျှို့ဝှက်ထားကာ ထိန်းချုပ်ထားသော လေ့လာမှု။ အရေပြားအစိုဓာတ်တိုင်းတာစက်ဖြင့် အရေပြားရေဓာတ်ဖြည့်တင်းပေးမှုကို အကဲဖြတ်ခြင်း၊ အရေပြားရေဓာတ်ဆုံးရှုံးမှု တိုင်းတာစက်ဖြင့် အပေါ်ယံလွှာကာကွယ်ပေးနိုင်မှုကို အကဲဖြတ်ခြင်း။ ပါဝင်စမ်းသပ်ခံသူများသည် တိုင်းတာမှုများမပြုလုပ်မီ 2 နာရီအလိုတွင် အရေပြားခြောက်သွေ့သွားစေရန်အတွက် ၎င်းတို့၏ လက်ဖျံများကို ဆပ်ပြာဖြင့် ဆေးကြောခဲ့သည်။ အခြေခံ ပစ္စည်းကိရိယာသုံး တိုင်းတာမှုများကို ပြုလုပ်ခဲ့သည်။ ထို့နောက် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပါဝင်စမ်းသပ်ခံသူ (အမျိုးသမီး) အားလုံး၏ လက်ဖျံပေါ်ရှိ တစ်နေရာတွင် လိမ်းပေးခဲ့သည်။ ကုန်ပစ္စည်းကို လိမ်းပြီးပြီးချင်း၊ လိမ်းပြီး 1 နာရီမှ 2 နာရီအကြာနှင့် ကုန်ပစ္စည်းကို မလိမ်းမီနှင့် ဖျက်ပြီးနောက်ပိုင်း တိုင်းတာမှုများကို အသီးသီး ထပ်မံပြုလုပ်ထားပါသည်။ နှိုင်းယှဉ်ရန်အတွက် ဆီမလိမ်းထားသောနေရာကိုလည်း အချိန်တိုင်းတွင် တိုင်းတာခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းခြင်းသည် အရေပြားအစိုဓာတ်ကို သိသိသာသာ ဖြည့်တင်းပေးနိုင်ပြီး ရေဓာတ်ခန်းခြောက်သော အသားအရေနှင့် နှိုင်းယှဉ်လျှင် လက်တွေ့စောင့်ကြည့်စစ်ဆေးမှုတိုင်းတွင် အရေပြားအပေါ်ယံလွှာအခြေအနေ ပိုမိုကျန်းမာမှု အညွှန်းကိန်းအဖြစ် အရေပြားရေဓာတ်ဆုံးရှုံးမှုပမာဏ (TEWL) သိသိသာသာနည်းသွားသည်ကို တွေ့ရသည်။
လေ့လာမှု 2- ခြောက်သွေ့သော အသားအရေ အသွင်အပြင်
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ ခြောက်သွေ့သော အသားအရေအား ပိုမိုစိုပြည်စေသော အစွမ်းထက်မှု အာနိသင်ကို အကဲဖြတ်ရန်။
နမူနာ
ပါဝင်စမ်းသပ်ခံသူများ- ခြေသလုံးအပြင်ပိုင်းတွင် ခြောက်သွေ့သော / အလွန်ခြောက်သွေ့၍ အရေခွံလန်နေသော အသားအရေကို လက်တွေ့ပြသည့် ပါဝင်စမ်းသပ်ခံသူ အမျိုးသမီး 25 ဦး။ စမ်းသပ်ရာနေရာ- စမ်းသပ်ကုန်ပစ္စည်းကို ပါဝင်စမ်းသပ်ခံသူ အားလုံး၏ ခြေသလုံးအပြင်ပိုင်းတွင် လိမ်းပေးခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 25-65 နှစ်။
နည်းစနစ်
ကျပန်းရွေးချယ်ထားသော၊ နှစ်ဦးနှစ်ဖက်လုံးအား အချက်အလက် လျှို့ဝှက်ထားသော၊ ထိန်းချုပ်ထားသော ပစ္စည်းကိရိယာသုံး လက်တွေ့စမ်းသပ် လေ့လာမှု။ ခြောက်သွေ့သော အသားအရေကို လက်တွေ့စမ်းသပ် အကဲဖြတ်ခြင်းများအား လေ့ကျင့်သင်ကြားထားသော ကြည့်ရှုအကဲဖြတ်သူမှ လုပ်ဆောင်ခဲ့ပြီး အရေပြား ရေဓာတ်ဖြည့်တင်းပေးမှုအား အရေပြားအစိုဓာတ် တိုင်းတာစက်ဖြင့် အကဲဖြတ်ခဲ့ကာ အပေါ်ယံလွှာ ကာကွယ်ပေးနိုင်မှုကို အရေပြားရေဓာတ်ဆုံးရှုံးမှု တိုင်းတာစက်ဖြင့် အကဲဖြတ်ခဲ့ပါသည်။ ပါဝင်စမ်းသပ်ခံသူများသည် 7 ရက်တာကာလအတွင်း ခြောက်သွေ့သော အသားအရေ ဖြစ်လာစေရန် ခြေထောက်များကို ဆပ်ပြာဖြင့် ဆေးကြောထားရသည်။ အခြေခံ ပစ္စည်းကိရိယာသုံး တိုင်းတာမှုများကို ပြုလုပ်ခဲ့သည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးခဲ့သည်။ လက်တွေ့အကဲဖြတ်ခြင်းများနှင့် ပစ္စည်းကိရိယာသုံး အကဲဖြတ်ချက်များကို 1 နှင့် 3 ရက်မြောက်များတွင် ပြုလုပ်ခဲ့သည်။ ဆီမလိမ်းထားသောနေရာကိုလည်း အချိန်တိုင်းတွင် အကဲဖြတ်စစ်ဆေးခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းခြင်းသည် အရေပြားအစိုဓာတ်ကို သိသိသာသာ ဖြည့်တင်းပေးနိုင်ပြီး ရေဓာတ်ခန်းခြောက်သော အသားအရေနှင့် နှိုင်းယှဉ်လျှင် လက်တွေ့စောင့်ကြည့်စစ်ဆေးမှုတိုင်းတွင် အရေပြားအပေါ်ယံလွှာအခြေအနေ ပိုမိုကျန်းမာမှု အညွှန်းကိန်းအဖြစ် အရေပြားရေဓာတ်ဆုံးရှုံးမှုပမာဏ TEWL သိသိသာသာနည်းသွားသည်ကို တွေ့ရသည်။ အရေပြားအထူးကုဆရာဝန်က ဆောင်ရွက်သော အရေပြားခြောက်သွေ့မှု လက်တွေ့ဆန်းစစ်ခြင်းဖြင့် အတည်ပြုထားသော ပစ္စည်းကိရိယာသုံး စမ်းသပ်မှုရလဒ်များ။
ပေါင်းစပ်လေ့လာမှုရလဒ်
လေ့လာမှု 2 တွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသည့် ခြောက်သွေ့သော အသားအရေတွင် သိသိသာသာ ပိုမိုစိုပြည်သည်ကို မြင်ရသဖြင့် ၎င်းသည် ခြောက်သွေ့ပြီး ရေဓာတ်ခန်းခြောက်သော အသားအရေကို ထိထိရောက်ရောက် သက်သာစေကြောင်း အတည်ပြုသည်။ လေ့လာမှုနှစ်ခုစလုံးတွင် အရေပြားအပြင်ဘက်ဆုံးအလွှာကို ရေဓာတ်မဆုံးရှုံးအောင် တားဆီးပေးနိုင်မှုနှင့် အရေပြား၏ ရေဓာတ်ပြည့်ဝ၍ လျှပ်သိုနိုင်စွမ်းတို့ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းဖြင့် ဤရလဒ်ကို ထပ်မံဖြည့်စွက်ပေးသည်။
အထိခိုက်မခံသော အသားအရေ စမ်းသပ်မှု
စမ်းသပ်လေ့လာမှုဌာန
Complife Italia S.r.l၊ အီတလီ။
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) က အရေပြားယားယံစေနိုင်ခြင်းရှိ၊ မရှိ အကဲဖြတ်ရန်။
နမူနာ
စမ်းသပ်ခံသူများ- ပါဝင်စမ်းသပ်ခံသူ 25 ဦးတွင် အမျိုးသမီး 22 ဦးနှင့် အမျိုးသား 3 ဦးပါဝင်ပြီး လက်တစ်အက်ဆစ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်၊ မဖြစ် စမ်းသပ်မှုအရ အားလုံးသည် အထိခိုက်မခံသော အသားအရေရှိသူများ ဖြစ်သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-70 နှစ်။
နည်းစနစ်
ထိန်းချုပ်လေ့လာမှု။ ဘာမှမပါသည့်ပစ္စည်း (သတ္တုဓာတ်များဖယ်ရှားထားသည့်ရေ) လိမ်းထားသော နေရာနှင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသည့်နေရာဟူ၍ နေရာနှစ်နေရာကို အကဲဖြတ်ခဲ့သည်။ Finn Chamber® ကို အသုံးပြု၍ 48 နာရီကြာအောင် စမ်းသပ်ကုန်ပစ္စည်းများကို ပါဝင်စမ်းသပ်ခံသူများ၏ နောက်ကျောတွင် လိမ်းခဲ့သည်။ ကပ်ခွာကို ဖယ်ရှားပြီးနောက် 15 မိနစ်၊ 1 နာရီနှင့် 24 နာရီအကြာတို့တွင် မူလအရေပြား ယားယံမှုကို အကဲဖြတ်ရန် အရေပြားအထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် အရေပြားဓာတ်မတည့်မှုများကို အကဲဖြတ်ခဲ့သည်။ အရေပြားဓာတ်မတည့်မှုများကို 0-4 စကေးဖြင့် အဆင့်သတ်မှတ်ခဲ့သည် (0 တွင် အရေပြားအနီစက်ထခြင်း၊ ရောင်ကိုင်းခြင်း သို့မဟုတ် အခြားအရေပြား ယားယံမှု အမျိုးအစားများ မရှိ၍ 4 တွင် ပြင်းထန်သော အရေပြားအနီစက်ထခြင်းနှင့် ရောင်ကိုင်းခြင်း၊ အရေပြား နီညိုရောင်ဖြစ်ခြင်းနှင့် လိမ်းထားသည့်နေရာထက် ကျော်လွန်၍ ရောင်ရမ်းခြင်းဖြစ်သည်)။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အရေပြားခံနိုင်ရည်ရှိမှုကို 'စပ်ဖျဉ်းဖျဉ်းမဖြစ်စေ' ဟု မှတ်ယူခဲ့သည်။
အဆီဖုမထွက်စေခြင်းဆိုင်ရာ စမ်းသပ်မှု
စမ်းသပ်လေ့လာမှုဌာန
Complife Italia S.r.l၊ အီတလီ။
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် ဝက်ခြံနှင့် အဆီဖုများ (ဝက်ခြံများ) ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ စမ်းသပ်ချက်။
နမူနာ
စမ်းသပ်ခံသူများ- ပါဝင်စမ်းသပ်ခံသူ 20 ဦး၊ ဝက်ခြံထွက်လွယ်ပြီး ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသည့် အမျိုးသမီး 14 ဦးနှင့် အမျိုးသား 6 ဦး။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။
နည်းစနစ်
ထိန်းချုပ်လေ့လာမှု။ ကုန်ပစ္စည်းကို စစ်ထုတ်သည့် စာရွက်ဝိုင်းပေါ်တင်၍ ပါဝင်စမ်းသပ်ခံသူများ၏ အပေါ်ပိုင်း ကျောဘက်ပေါ်တွင် လိမ်းခဲ့သည်။ ကပ်ခွာများကို 48 နာရီမှ 72 နာရီအထိ ထိုနေရာတွင် ထားခဲ့ပြီးနောက် ဖယ်ရှား၍ ထပ်လိမ်းခဲ့သည်။ စုစုပေါင်း ကပ်ခွာ 12 ခုကို 4 ပတ်ဆက်တိုက် သုံးခဲ့သည်။ ဘာမှမပါသည့်ပစ္စည်း (သတ္တုဓာတ်များဖယ်ရှားထားသည့်ရေ)၊ စမ်းသပ်ကုန်ပစ္စည်း (Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ)) နှင့် စစ်ဆေးမည့်အရာ ထည့်ထားသည့်ပစ္စည်း (အဆီဖုထွက်စေသော ကုန်ပစ္စည်းဟု သိထားသည့် လန်နိုလင် အယ်လ်ကိုဟော) တို့ကို နှိုင်းယှဉ်ခြင်းဖြင့် ဤနေရာများကို အကဲဖြတ်ခဲ့သည်။ ကုန်ပစ္စည်းတစ်ခုစီ၏ မလိမ်းမီနှင့် လိမ်းပြီးတွင် အဆီဖုများ ရှိနေမှုကို နှိုင်းယှဉ်ရန် အရေပြားအထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် ကပ်ခွာတစ်ခုစီကို ဖယ်ရှားပြီးနောက် 15 မိနစ်အကြာတွင် အရေပြားဓာတ်မတည့်မှုများကို လက်တွေ့ အကဲဖြတ်ခဲ့ပါသည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) လိမ်းထားသောနေရာသည် ဘာမှမပါသည့်ပစ္စည်း လိမ်းထားသောနေရာနှင့် သိသိသာသာ ကွာခြားမှုမရှိကြောင်း တွေ့ရသည်။ စစ်ဆေးမည့်အရာ ထည့်ထားသည့်ပစ္စည်းသည် ဝက်ခြံဖြစ်စေခဲ့သည်။
စိမ့်ဝင်မှု လေ့လာမှု
စမ်းသပ်လေ့လာမှုဌာန
proDERM Institute၊ လက်တွေ့အသုံးချ အရေပြားရောဂါကုသမှုဆိုင်ရာ သုတေသနဌာန၊ ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့။
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို စံသတ်မှတ်ထားသည့်အတိုင်း ပွတ်လိမ်းပေးပြီးနောက် စိမ့်ဝင်မှုနှုန်းကို အကဲဖြတ်ရန်။
နမူနာ
စမ်းသပ်ခံသူများ- ပါဝင်စမ်းသပ်ခံသူ 100 ဦး၊ အမျိုးသမီး 74 ဦးနှင့် အမျိုးသား 26 ဦး။ စမ်းသပ်ရာနေရာ- စမ်းသပ်ကုန်ပစ္စည်းများကို ပါဝင်စမ်းသပ်ခံသူအားလုံး၏ လက်ဖျံတွင် လိမ်းပေးခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-70 နှစ်။
နည်းစနစ်
နှစ်ဦးနှစ်ဖက်လုံးအား အချက်အလက်လျှို့ဝှက်ထားကာ ကျပန်းရွေးချယ်ထားပြီး ထိန်းချုပ်ထားသည့် လေ့လာမှု။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) နှင့် အခြားဆီတစ်မျိုးကို ပါဝင်စမ်းသပ်ခံသူအားလုံး၏ လက်ဖျံပေါ်ရှိ သတ်မှတ်ထားသော စမ်းသပ်ရာနေရာများတွင် လိမ်းခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများသည် စမ်းသပ်ကုန်ပစ္စည်းကို တစ်မိနစ်စီ ပွတ်လိမ်းခဲ့ကြသည်။ ထို့နောက် ပါဝင်စမ်းသပ်ခံသူများသည် ကုန်ပစ္စည်းများ၏ စိမ့်ဝင်မှုကို 'စိမ့်ဝင်မှုအလွန်နှေး' မှ 'စိမ့်ဝင်မှုအလွန်မြန်' အထိ 5 မှတ်စကေးဖြင့် အဆင့်သတ်မှတ်ခဲ့သည်။
ရလဒ်
ပါဝင်စမ်းသပ်ခံသူများထဲမှ အများစု (64%) သည် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အရေပြားထဲစိမ့်ဝင်မှုနှုန်းကို 'အလွန်မြန်သည်' သို့မဟုတ် 'မြန်သည်' ဟု သတ်မှတ်ခဲ့ကြသည်။
အစိုဓာတ်မထွက်သွားအောင် ပိတ်ဆို့ပေးနိုင်စွမ်း လေ့လာမှု
စမ်းသပ်လေ့လာမှုဌာန
Rigano Laboratories၊ မီလန်၊ အီတလီ။
ရည်မှန်းချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် မွေးကင်းစကလေးတွင် ပါလာတတ်သည့် အရေပြားအပေါ်ယံအဖြူဖတ်အလွှာနည်းတူ ပိတ်ဆို့ပေးနိုင်စွမ်းအဆင့်ကို ပြသခြင်းရှိ၊ မရှိ အကဲဖြတ်ရန်။ မွေးကင်းစကလေးတွင် ပါလာတတ်သည့် အရေပြားအပေါ်ယံအဖြူဖတ်အလွှာကို ၎င်း၏ အကောင်းဆုံး ပိတ်ဆို့ပေးနိုင်စွမ်းအဆင့်ကြောင့် အရေပြား အစိုဓာတ်ဖြည့်ပေးမှုတွင် 'ရွှေအဆင့်စံနှုန်း' အဖြစ် အလှကုန်သိပ္ပံပညာရှင်များက ကျယ်ကျယ်ပြန့်ပြန် မှတ်ယူထားကြသည်။
နည်းစနစ်
လူ့အသားအရေ၏ မျက်နှာပြင် အရည်အသွေးများကို တုပထားသည့် Vitro-Skin™ ဟု ခေါ်သော တစ်ဝက်စိမ့်ဝင်နိုင်သည့် အလွှာပါးဖြင့် ဖုံးအုပ်ထားသော ဘီကာခွက်များထဲတွင် အတိအကျသတ်မှတ်ထားသော ရေပမာဏများကို ထည့်ထားခဲ့သည်။ မွေးကင်းစကလေးတွင် ပါလာတတ်သည့် အရေပြားအပေါ်ယံအဖြူဖတ်အလွှာနှင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပမာဏတူညီစွာဖြင့် အလွှာပါးတွင် လိမ်းပြီး ဘီကာခွက်မှ ရေဆုံးရှုံးမှုနှုန်းကို အချိန်နှင့်အမျှ တိုင်းတာခဲ့သည်။ ယင်းကို အလွှာပါးပေါ်တွင် မည်သည့်ကုန်ပစ္စည်းမျှ မလိမ်းထားဘဲ ရေဓာတ်ဆုံးရှုံးမှုနှုန်းနှင့် နှိုင်းယှဉ်ခဲ့သည်။ ကုန်ပစ္စည်းတစ်ခုစီအတွက် ရေခိုးရေငွေ့ပြောင်းလဲနှုန်းကို တွက်ချက်ပြီး g/m²/h ဖြင့် ဖော်ပြခဲ့သည်။
ရလဒ်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် 24.9၊ အရေပြားအပေါ်ယံအဖြူဖတ်အလွှာတွင် 27.1 ရှိကြောင်းတွေ့ရသဖြင့် ပိတ်ဆို့ပေးနိုင်စွမ်းသည် မွေးကင်းစကလေးတွင် ပါလာတတ်သည့် အရေပြားအပေါ်ယံအဖြူဖတ်အလွှာနှင့် အလွန်တူညီကြောင်း ဖော်ပြခဲ့သည်။
အသုံးပြုခြင်း
လိမ်းနည်း
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို လုံးဝစိမ့်ဝင်သည်အထိ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် စက်ဝိုင်းပုံစံ နှိပ်နယ်၍ လိမ်းပေးရပါမည်။ ကုန်ပစ္စည်းကို တစ်နေ့နှစ်ကြိမ်ဖြင့် အနည်းဆုံး သုံးလအထိ လိမ်းရန် အကြံပြုထားသည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပွင့်နေသော ဒဏ်ရာ သို့မဟုတ် စုတ်ပြဲနေသော အရေပြားပေါ်တွင် မလိမ်းသင့်ပါ။ ၎င်းသည် အရေပြားပေါ်တွင်လိမ်းသော အလှကုန်ပစ္စည်းအဖြစ် အသုံးပြုရန်အတွက်သာ ရည်ရွယ်ပါသည်။ မျက်နှာပြင်ပေါ်ရှိ အရေပြားက လုံးဝအနာကျက်ပြီးသည်နှင့် အမာရွတ်ပေါ်တွင် စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။ သုံးစွဲသူတစ်ဦးချင်းအလိုက် ရလဒ်များ ကွဲပြားမှုရှိပါမည်။ မျက်လုံးအတွင်းသို့ မဝင်စေရန် ဂရုပြုရပါမည်။ အကယ်၍ မျက်လုံးအတွင်းသို့ ဂျယ်လ် ဝင်ရောက်သွားပါက ရေနှင့်သေချာစွာ ဆေးပေးပါ။ ကလေးများလက်လှမ်းမမီသော နေရာတွင် ထားပါ။
ဘယ်လောက်ကြာကြာ သုံးရမလဲ
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ လက်တွေ့စမ်းသပ်ချက်အမျိုးမျိုးကို 8 ပတ်နှင့် 16 ပတ်တာ ကာလအတွင်း လုပ်ဆောင်ခဲ့ပြီး ကုန်ပစ္စည်း၏ စွမ်းဆောင်ရည်ကို အချိန်နှင့်အမျှ အကဲဖြတ်နိုင်ခဲ့သည်။ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဆန်းစစ်ချက်အရ နှစ်ပတ်လောက်သာကြာပြီးနောက် အရေပြားတွင် သိသိသာသာ ပိုမိုကျန်းမာစိုပြည်သော သွင်ပြင်ကို တွေ့ရပြီး စမ်းသပ်လေ့လာမှု ကာလတစ်လျှောက်လုံး ဤအတိုင်း ဆက်လက်ကျန်းမာစိုပြည်နေကြောင်း သို့မဟုတ် ပိုမိုတိုးတက်မှုရှိကြောင်း ပြသသည်။ သို့ရာတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပုံမှန်စွဲသုံးပေးရနိုင်သည်။
ပုံမှန်အသားအရေထိန်းသိမ်းမှု လုပ်ရိုးလုပ်စဉ်နှင့်တွဲ၍ အသုံးပြုမှု
စိမ့်ဝင်မှုအမြန်ဆုံးဖြစ်စေရန် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို သန့်စင်ပြီးသော အသားအရေတွင် လိမ်းပေးသင့်သည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို 'အာနိသင်ပိုကောင်းစေရန်' အခြားထုတ်ကုန်များနှင့် ရောစပ်ခြင်းသည် ၎င်း၏ အစွမ်းထက်မှု အာနိသင်ကို ထိခိုက်စေနိုင်ပါသည်။ အစိုဓာတ်ဖြည့်လိမ်းဆေး၊ နေရောင်ကာလိုးရှင်း သို့မဟုတ် အခြားမျက်နှာလိမ်းခရင်မ်ကို လိမ်းမည်ဆိုလျှင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) က အရေပြားထဲသို့ လုံးဝစိမ့်ဝင်ပြီးနောက်မှသာ လိမ်းပါ။ ခန္ဓာကိုယ်အနှံ့အသုံးပြုရန်အတွက် ရေချိုးပြီးနောက် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို လိမ်းပါ။
ကိုယ်ဝန်ဆောင်စဉ် အသုံးပြုမှု
ကိုယ်ဝန်ဆောင်ချိန် အကြောပြတ်ရာများသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သော်လည်း ဝမ်းဗိုက်၊ ပေါင်၊ တင်ပါးဆုံ၊ ခါးအောက်ပိုင်း၊ တင်ပါးနှင့် ရင်သားတို့တွင် ပေါ်လာနိုင်ခြေ အများဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် အကြောပြတ်ရာများ မဖြစ်ပေါ်အောင် ကာကွယ်ရန်အတွက် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပထမသုံးလပတ်အစမှ မွေးပြီးချိန်အထိ အဆိုပါနေရာများတွင် တစ်နေ့နှစ်ကြိမ် လိမ်းပေးရန် အကြံပြုပါသည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ပုံမှန်လိမ်းပေးခြင်းဖြင့် ကိုယ်ဝန်ကြောင့် အသားယားသည့်ဝေဒနာနှင့် ဆက်စပ်သည့် ယားယံခြင်းနှင့် ရေဓာတ်ခန်းခြောက်သော အသားအရေကိုလည်း သိသိသာသာ သက်သာစေပါမည်။ ကိုယ်ဝန်ရှိစဉ် ဟော်မုန်းအတက်အကျကြောင့် ဖြစ်ပေါ်သည့် အသားအရောင် မညီညာခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။
ဗီတာမင် A နှင့် ကိုယ်ဝန်ဆောင်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗီတာမင် A အာဟာရဖြည့်စွက်စာများကို လျှော့၍စားသုံးရန် များသောအားဖြင့် အကြံပြုထားသောကြောင့် ဗီတာမင် A ပါသော အသားအရေထိန်းသိမ်းမှု ကုန်ပစ္စည်းများကို အသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနိုင်ပါသည်။ အရေပြားပေါ်တွင် လိမ်းထားသော မည်သည့်အရာမဆိုသည် ၎င်း၏ အဆိပ်အတောက်ဆိုင်ရာ သတ်မှတ်အဆင့်ထက် ကျော်လွန်မှသာ အန္တရာယ်ဖြစ်စေပါသည်။ အရေပြားသည် ထိုးဖောက်ဝင်ရောက်မှုတွင် သိသာသော အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေသောကြောင့် လိမ်းထားသော ဗီတာမင် A အနည်းငယ်မျှသာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ဥရောပကော်မရှင်၏ သုံးစွဲသူ ဘေးကင်းရေးဆိုင်ရာ သိပ္ပံနည်းကျကော်မတီ (SCCS) သည် ဗီတာမင် A နှင့် ၎င်း၏ အက်စတာဒြပ်ပေါင်းများကို အလှကုန်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုသည့်အချိန်တွင် အကဲဖြတ်ခဲ့သည်။ SCCS ၏ ယူဆချက်အရ ကိုယ်လိမ်းလိုးရှင်းများတွင် ဗီတာမင် A ကို ရက်တီနော အလားတူပမာဏ အမြင့်ဆုံးပါဝင်မှု 0.05% အထိ အသုံးပြုခြင်းသည် ဘေးကင်းပါသည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ဖော်မြူလာရှိ သဘာဝနှင်းဆီပန်းအဆီမှ ရရှိသော ဗီတာမင် A သည် ကိုယ်လိမ်းလိုးရှင်းအတွက် အများဆုံးခွင့်ပြုနိုင်သော ပါဝင်မှုပမာဏအောက် အတန်အသင့်နည်းသည့် အဆင့်တွင်ရှိသဖြင့် ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။ ဗီတာမင် A ပမာဏ နည်းပါးစွာ ပါဝင်သဖြင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ဘေးအန္တရာယ် မရှိစေဘဲ ဗီတာမင် A ၏ အကျိုးကျေးဇူးများကို ပေးစွမ်းပါသည်။
ရို့စ်မေရီအရွက်မှရသည့် အဆီနှင့် ကိုယ်ဝန်ဆောင်
ပါဝင်မှုနှုန်းမြင့်သော ရို့စ်မေရီအရွက်မှရသည့် အဆီသည် ရာသီသွေးစီးဆင်းမှု ဖြစ်ပေါ်စေသည့် ပစ္စည်းဖြစ်ကြောင်း တွေ့ရှိရသည်။ ဆိုလိုသည်မှာ ၎င်းတွင် ရာသီလာစေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိပြီး အချိန်မတိုင်ဘဲ စောမွေးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ပါဝင်မှုနှုန်း မြင့်သော ရို့စ်မေရီအရွက်မှရသည့် အဆီကို အသုံးပြုသည့် ရနံ့ကုထုံး ပညာရှင်များနှင့် ဘယဆေးပင်ကုထုံးပညာရှင်များသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ထိုအဆီကို အသုံးမပြုရန် အကြံပြုကြသည်။ သို့သော်လည်း Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် ရို့စ်မေရီအရွက်မှရသည့် အဆီ ပါဝင်မှုနှုန်းသည် အလွန်နည်းသောကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။
မိခင်နို့တိုက်ကျွေးနေစဉ် အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် နို့တိုက်ကျွေးနေစဉ် ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုရန် ဘေးကင်းသော်လည်း နို့သီးခေါင်းများတွင် လိမ်းခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ အန္တရာယ်ရှိသောအာနိသင် မရှိနိုင်သော်လည်း ကလေးငယ်များသည် အလွန်ထိခိုက်လွယ်သဖြင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ပမာဏအနည်းငယ်ကိုပင် မမျိုချသင့်ပါ။
မွေးကင်းစကလေးများနှင့် ကလေးများတွင် အသုံးပြုမှု
အသက်သုံးနှစ်အောက်ကလေးများတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အသုံးပြုရန် ဘေးကင်းစိတ်ချရသည်ဟု အကဲဖြတ်ထားခြင်းမရှိပါ။ မွေးပြီးပြီးချင်း ပထမနှစ်အနည်းငယ်တွင်၊ ခုခံအားစနစ် ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် လူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်သည်။ ထို့ကြောင့် ၎င်းကို အသက်သုံးနှစ်နှင့်အထက် ကလေးများတွင်သာ အသုံးပြုရန် အကြံပြုထားသည်။ ကုန်ပစ္စည်းကို ကလေးများအတွက် သေချာဂရုတစိုက် လိမ်းပေးသင့်ပြီး မျက်လုံး သို့မဟုတ် ပါးစပ်အနီးတွင် အသုံးမပြုသင့်ပါ။
နေရောင်အောက်တွင် အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် ပြုလုပ်ထားသော စမ်းသပ်ချက်များအရ ကုန်ပစ္စည်းသည် နေလောင်ခြင်းကို မဖြစ်စေနိုင်ကြောင်း သို့မဟုတ် ပိုမိုမဆိုးရွားစေကြောင်း ပြသထားသည်။ ထို့ကြောင့် နေရောင်အောက်တွင် အသုံးပြုရန် အန္တရာယ်ကင်းသော်လည်း ကုန်ပစ္စည်းသည် နေ၏ UVA နှင့် UVB ရောင်ခြည်များ၏ အန္တရာယ်ရှိသောသက်ရောက်မှုများကို အကာအကွယ်မပေးသည့်အတွက်ကြောင့် ကုန်ပစ္စည်းကို နေရောင်ကာကွယ်မှု အညွှန်းကိန်း (SPF) အနည်းဆုံး 30 ပါရှိသည့် ဘက်စုံကာကွယ်ပေးသော နေရောင်ကာလိမ်းဆေးနှင့် တွဲဖက်အသုံးပြုရန် အရေးကြီးပါသည်။
ချွဲမြှေးများပေါ်တွင် သို့မဟုတ် ၎င်းတို့အနီးတွင် အသုံးပြုမှု
ချွဲမြှေးများနှင့် ထိတွေ့ခြင်းမှလွဲ၍ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အသုံးပြုမှုအားလုံးအတွက် ဘေးကင်းသည်ဟု ခွဲခြားသတ်မှတ်ထားပါသည်။
ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဓာတုကုထုံးနှင့်တွဲ၍ အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အလှကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ဓာတ်ရောင်ခြည် ကုထုံး သို့မဟုတ် ဓာတုကုထုံးခံယူနေသူများအနေဖြင့် ကုန်ပစ္စည်းကို အသုံးမပြုမီ ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူရန် အကြံပြုအပ်ပါသည်။
ဆေးဝါးကုန်ပစ္စည်းများနှင့်တွဲ၍ အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အလှကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ကုန်ပစ္စည်းကို ဆေးဝါးကုန်ပစ္စည်းများနှင့် တစ်ပြိုင်နက်တွဲ၍ အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အကြံဉာဏ်ရယူရန် ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။
အထိခိုက်မခံသော အသားအရေတွင် အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အထိခိုက်မခံသော အသားအရေများအတွက် အသုံးပြုနိုင်ပါသည်။ အထိခိုက်မခံသော အသားအရေရှိသည့် အသက် 18 နှစ်မှ 70 နှစ်အရွယ် ပါဝင်စမ်းသပ်ခံသူ 25 ယောက်တွင် အရေပြားယားယံမှုရှိ၊ မရှိ လေ့လာမှု ပြုလုပ်ခဲ့ပြီး မည်သည့်စမ်းသပ်ခံသူမျှ ဖော်မြူလာကြောင့် ဘေးထွက်ဆိုးကျိုး မကြုံခဲ့ပါ။
အဆီပြန်သော အသားအရေတွင် အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အဆီပြန်သော အသားအရေတွင် သုံးနိုင်သည်။ ဝက်ခြံထွက်လွယ်သော အသားအရေရှိသည့် အသက် 18 နှစ်မှ 65 နှစ်အရွယ် ပါဝင်စမ်းသပ်ခံသူ အယောက် 20 ကို စမ်းသပ်လေ့လာမှုတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။
ဝက်ခြံထွက်လွယ်သော အသားအရေတွင် အသုံးပြုမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ဝက်ခြံထွက်လွယ်သော အသားအရေများအတွက် အသုံးပြုနိုင်ပါသည်။ ဝက်ခြံထွက်လွယ်သော အသားအရေရှိသည့် အသက် 18 နှစ်မှ 65 နှစ်အရွယ် ပါဝင်စမ်းသပ်ခံသူ အယောက် 20 ကို စမ်းသပ်လေ့လာမှုတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။ ဝက်ခြံပေါက်နေသူများအနေဖြင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အသုံးမပြုမီ ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူရန် အကြံပြုပါသည်။
အမာရွတ်ဖြစ်ပေါ်ခြင်း
အမာရွတ်ဆိုသည်မှာ အရေပြားတွင် ထိခိုက်ဒဏ်ရာရပြီးနောက် အနာကျက်ခြင်းလုပ်ငန်းစဉ်၏ သဘာဝအစိတ်အပိုင်းတစ်ခုအနေဖြင့်ဖြစ်ပေါ်လာသည့် ကော်လာဂျင် ကြီးထွားမှုဖြစ်ပါသည်။ ခန္ဓာကိုယ်တွယ်ဆက်တစ်ရှူးများ၏ အဓိကအစိတ်အပိုင်းကို ဖြစ်ပေါ်စေသည့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ပရိုတင်းများဖြင့် ကော်လာဂျင်များကို ဖွဲ့စည်းထားသည်။ အရေပြားတွင် ထိခိုက်ဒဏ်ရာရရှိသည့်အခါ ခန္ဓာကိုယ်သည် လုံးဝအနာကျက်စေခြင်းထက် ဆဲလ်ရှင်သန်မှုအပေါ် အာရုံစိုက်ကာ တတ်နိုင်သမျှ အမြန်ပြုပြင်ပေးသည်။ ဒဏ်ရာကို တုံ့ပြန်သည့်အနေဖြင့် ကော်လာဂျင်ကို မြန်မြန်ဆန်ဆန်ထုတ်လုပ်မှုက အမာရွတ်များကို ဖြစ်ပေါ်စေပါသည်။ အမာရွတ်သက်တမ်းကြာလာသည်နှင့်အမျှ အမျိုးမျိုးပြောင်းလဲသွားသော်လည်း ၎င်းပတ်ပတ်လည်ရှိ အရေပြား၏ ပုံမှန်ကြံ့ခိုင်သန်စွမ်းမှုကို ဘယ်တော့မှ ရရှိတော့မည်မဟုတ်ပါ။ အမာရွတ်နေရာရှိ မွေးညင်းပေါက်များနှင့် ချွေးဂလင်းများသည် ပြန်ပေါက်မည်မဟုတ်ပါ။ အမာရွတ်ဖြစ်ပေါ်ခြင်းတွင် အောက်ပါအဆင့်လေးဆင့် ရှိသည်-
သွေးတိတ်စေသည့်အဆင့်
ဒဏ်ရာဖြစ်ပွားပြီး နာရီအနည်းငယ်ကြာပြီးနောက် ဒဏ်ရာရှိသောနေရာမှ သွေးကြောများကို ကျဉ်းစေ၍ သွေးထွက်ခြင်းကို ထိန်းချုပ်ပြီး ၎င်း၏ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းသောကြောင့် ဤအဆင့်သည် ချက်ချင်းစတင်သည်။ ဒဏ်ရာရဆဲလ်များသည် သွေးခဲခြင်းကို စတင်ရန်အတွက် အချို့သော ပရိုတင်းများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ကာ ပျက်စီးနေသော သွေးကြောများကို ပိတ်ပြီး သွေးဆုံးရှုံးမှုကို လျှော့ချပေးသည်။
ရောင်ကိုင်းအဆင့်
စစချင်းဒဏ်ရာရပြီးနောက် သုံးရက် သို့မဟုတ် လေးရက်ကြာအထိ နီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းများသည် ကိုယ်ခံအားတုံ့ပြန်မှု၏ မြင်သာသော လက္ခဏာတစ်ခု ဖြစ်သည်။ သွေးဖြူဥများသည် ဒဏ်ရာအစအနများနှင့် ဘက်တီးရီးယားများကို သန့်စင်ပေးသည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်သည်။
အသားနုတက်သည့်အဆင့်
ဤအဆင့်သည် သုံးရက်မြောက်နေ့ဝန်းကျင်တွင် စတင်ပြီး သုံးပတ်ခန့်ကြာသည်။ ဒဏ်ရာကို အသားတက်၍ ပိတ်သွားစေရန် ဤအဆင့်တွင် မတူညီသော လုပ်ငန်းစဉ်သုံးရပ်သည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သည်- တဖြည်းဖြည်းအနာကျက်ခြင်း- ကော်လဂျင်ထုတ်ပြီး ဒဏ်ရာအမြန်ကျက်စေရန်အတွက် ဒဏ်ရာရှိသည့်နေရာတွင် အနာဖေးတက်လာစေရန် ပြုလုပ်ပေးသည့် ဖိုက်ဘရိုဘလက်စ်ဆဲလ်များ (ကော်လာဂျင်ထုတ်ပေးရန် တာဝန်ရှိသောဆဲလ်များ)။ အသားနုတက်ခြင်း- အနာကို မထိခိုက်အောင် ဖုံးအုပ်ပေးရန် ဖြစ်ပေါ်လာသည့် အရေပြားလွှာ။ အနာအရွယ်အစားကျုံ့လာခြင်း- ထိခိုက်သည့်နေရာ တဖြည်းဖြည်းသေးလာစေရန်အတွက် အနာကျုံ့လာသည်။
ပြန်ပြည့်လာသည့်အဆင့်
ဤ 'ပုံစံသစ် ပြန်လည်တည်ဆောက်ခြင်း' အဆင့်သည် သုံးပတ်ခန့်အကြာတွင် စတင်ပြီး ဒဏ်ရာ၏ အရွယ်အစားနှင့် အတိမ်အနက်ပေါ်မူတည်၍ နှစ်နှစ်ကြာအထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ ဤကာလအတွင်း အမာရွတ်၏နောက်ဆုံးသဘာဝကို ဆုံးဖြတ်ပေးသော ဒဏ်ရာနေရာရှိ ဖိစီးမှုများအရ ဖိုက်ဘာများကို ပြန်လည်ဖွဲ့စည်းပေးသောကြောင့် ကော်လာဂျင်က ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ အမာရွတ်သည် ဒဏ်ရာနေရာကို ဖုံးအုပ်ကာကွယ်ပေးသော်လည်း အလွယ်တကူ ပျက်စီးမှုရှိနိုင်သည်။ အမာရွတ်တစ်ရှူးသည် ယေဘုယျအားဖြင့် ပုံမှန်အရေပြားဆန့်နိုင်အား၏ 70% ရှိကြောင်း ပြသသည်။
အမာရွတ်အမျိုးအစားများ
လူတစ်ဦးချင်းစီက အနာကျက်ပုံချင်း မတူသောကြောင့် အမာရွတ်၏ နောက်ဆုံးပုံပန်းသဏ္ဌာန်သည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပါလိမ့်မည်။ အသားအရေအမျိုးအစား၊ အမာရွတ် တည်နေရာ၊ ဒဏ်ရာ အမျိုးအစား၊ လူ၏ အသက်နှင့် အာဟာရအဆင့် ကဲ့သို့သော အကြောင်းရင်းများသည် အမာရွတ်၏ ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရာတွင် အဓိကနေရာမှ ပါဝင်ပါမည်။ အမာရွတ် အမျိုးအစားများကို အောက်ပါ အမျိုးအစားများအဖြစ် ခွဲခြားနိုင်ပါသည်-
အဖြစ်များသော အမာရွတ်များ
ဤအမာရွတ်များသည် အစပိုင်းတွင် ရောင်ရမ်းပြီး မည်းလာပုံရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချောမွေ့ပြီး သိသာမှုနည်းလာကာ အမာရွတ်ပါးပါးသာ ကျန်ခဲ့သည်။
ချိုင့်ခွက် အမာရွတ်များ
ဤအမာရွတ်များသည် အရေပြား၏ မျက်နှာပြင်အောက်တွင် ချိုင့်ခွက်များ သို့မဟုတ် အပိမ့်အချိုင့်များကို ဖြစ်စေသည်။ ဥပမာအနေဖြင့် ဝက်ခြံ သို့မဟုတ် ရေကျောက်ပေါက်ခြင်းမှ ကျန်ခဲ့သော အမာရွတ်များဖြစ်သည်။
ဖောင်းကြွအမာရွတ်ကြီးများ
ဤအမာရွတ်များသည် အရေပြား၏ မျက်နှာပြင်အပေါ်သို့ ဖောင်းတက်နေသည်။ ကော်လာဂျင် ပမာဏများလွန်းခြင်းကြောင့် ၎င်းတို့ဖြစ်ပေါ်လာသော်လည်း မူလဒဏ်ရာရှိရာ နေရာများအတွင်းသာ အမြဲတမ်းဆက်ရှိနေသည်။
ကီလွိုက်အမာရွတ်များ
ကီလွိုက်အမာရွတ်ကို ဖောင်းကြွအမာရွတ်ကြီးများနှင့် မရောထွေးသင့်ပါ။ ၎င်းတို့သည်လည်း ဖောင်းတက်နေသော အမာရွတ်များ ဖြစ်သော်ငြားလည်း ကီလွိုက်များသည် မူလဒဏ်ရာရှိရာ နေရာများထက် ကျော်လွန်ပြီး ပျံ့နှံ့တတ်သည့် သဘောရှိသည်။ ၎င်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်ကြီးထွားနိုင်ပြီး ပုံမှန်အားဖြင့် ဖြတ်ထုတ်ပြီးနောက် ပြန်ဖြစ်လာနိုင်သည်။
အမာရွတ်ကျုံ့မှုများ
အရေပြား အမြဲတမ်း တင်းသွားသောအခါတွင် ကျုံ့သွားသောအမာရွတ် ဖြစ်ပေါ်သည်။ အမာရွတ်များက အဆစ်များတွင်ဖြစ်သည့်အခါ သို့မဟုတ် အရေပြားတွန့်သည့်အခါ ထောင့်ချိုးနေရာများတွင် ကျုံ့သွားတတ်သည်။ အမာရွတ်တစ်ရှူးသည် ဆွဲဆန့်နိုင်ပြီး ပုံမှန်လှုပ်ရှားမှုကို ကန့်သတ်နိုင်သည်။ မီးလောင်ဒဏ်ရာများရရှိပြီးနောက် အမာရွတ်ကျုံ့ခြင်းများ ဖြစ်တတ်သည်။
အကြောပြတ်ရာများ (အရေပြားရှိ အစင်းကြောင်းပြတ်ရာများ)
ခန္ဓာကိုယ်က ၎င်းကိုဖုံးထားသည့် အရေပြားထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာသောကြောင့် အရေပြားတစ်ရှူးအတွင်း ဆုတ်ပြဲမှုများ ဖြစ်ပေါ်စေသည့် ကိုယ်အလေးချိန် လျင်မြန်စွာ ပြောင်းလဲနေသော (ဥပမာ- ဆယ်ကျော်သက်အရွယ် တစ်ဟုန်ထိုးကြီးထွားမှု၊ ကိုယ်ဝန်ဆောင်ခြင်း) ကာလများအတွင်း အကြောပြတ်ရာများ ဖြစ်ပေါ်ပါသည်။ ဤဆုတ်ပြဲရာများက ၎င်းတို့ဘာသာ ပြုပြင်သည့်အခါ အကြောပြတ်ရာများဟုခေါ်သည့် အမာရွတ်များ ဖြစ်ပေါ်လာသည်။
အကြောပြတ်ရာ ဖြစ်ပေါ်ခြင်း
ဆေးပညာအရ အကြောပြတ်ရာများ သို့မဟုတ် အရေပြားရှိ အစင်းကြောင်းပြတ်ရာများသည် အခြားအမာရွတ်ပုံစံတစ်ခု ဖြစ်သော်လည်း လူအများစုက ၎င်းတို့ကို အမာရွတ်များနှင့် ကွဲပြားစွာ ရှုမြင်ကြသည်။ အရေပြားရှိ အစင်းကြောင်းပြတ်ရာများသည် အရေပြားကို လျင်မြန်စွာဆွဲဆန့်နေသည့် ကာလများအတွင်း၊ ဥပမာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကြွက်သားကြီးအောင် ကစားသူများ၊ တစ်ဟုန်ထိုးဖွံ့ဖြိုးလာသည့် ဆက်ကျော်သက်အရွယ်များတွင် ဖြစ်ပေါ်လာသည်။ ၎င်းတို့၏ အမည်တွင် အတိအကျဆိုထားသည့်အတိုင်း အကြောဆန့်ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ အသားဖြူသူများတွင် ပန်းရောင် အကြောပြတ်ရာများ ဖြစ်ပေါ်လာတတ်ပြီး အသားအရေညိုမည်းသူများမှ ပတ်ပတ်လည် အရေပြားထက် အရောင်ပိုဖျော့သည့် အကြောပြတ်ရာများ ရှိတတ်ကြပါသည်။ အရေပြားသည် သဘာဝအလျောက် ဆန့်ကျုံ့နိုင်သည်။ အရေပြားတစ်ရှူးအောက်အလွှာရှိ ကော်လာဂျင်နှင့် အီလက်စတင်က ဤဆန့်ကျုံ့ဂုဏ်သတ္တိကို ပံ့ပိုးပေးသည်။ ကော်လာဂျင်သည် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ပရိုတိန်းအုပ်စုတစ်စုဖြင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်၏ တွယ်ဆက်တစ်ရှူးများ၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ သဘာဝအတိုင်းဖြစ်ပေါ်နေသော ပရိုတင်းဓာတ်များဖြင့် ဖွဲ့စည်းထားသည့် အလက်စတင်ကို တွယ်ဆက်တစ်ရှူးများတွင်လည်း တွေ့ရှိရပြီး ၎င်း၏ ဆန့်ကျုံ့ဂုဏ်သတ္တိများကို ပံ့ပိုးပေးသည်။ ဤတွယ်ဆက်တစ်ရှူးသည် အရေပြားအောက်မှ တစ်ရှူးအလွှာအား ခန္ဓာကိုယ်၏ အဆက်မပြတ်ရွေ့လျားမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆန့်လိုက်၊ ကျုံ့လိုက် လုပ်ဆောင်ပေးသော်လည်း ကိုယ်အလေးချိန်အတက်မြန်သည့် ကာလမျိုးတွင် ထိန်းညှိရန် အချိန်မလုံလောက်သောကြောင့် အရေပြားတစ်ရှူးအတွင်း ဆုတ်ပြဲရာများ ဖြစ်ပေါ်လာစေသည်။ ဤဆုတ်ပြဲရာများက ၎င်းတို့ဘာသာ ပြုပြင်သည့်အခါ အကြောပြတ်ရာများဟုခေါ်သည့် အမာရွတ်များ ဖြစ်ပေါ်လာသည်။ လက်တွေ့ကျသည့် ဥပမာပေးရမည်ဆိုလျှင် စပရင်ကို ဆွဲဆန့်သည့်သဘောဖြစ်သည်။ ၎င်း၏ အလိုအလျောက် ဆန့်ကျုံ့နိုင်မှု ကန့်သတ်ချက် ဟုခေါ်သော အတိုင်းအတာတစ်ခုအတွင်း စပရင်ကို ဆွဲဆန့်ပါက ၎င်း၏ မူလအရွယ်အစားသို့ အကြိမ်ကြိမ် ပြန်ကျုံ့သွားပါသည်။ သို့သော် သင်သည် ၎င်း၏ အလိုအလျောက် ဆန့်ကျုံ့နိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်၍ စပရင်ကို အလွန်အကျွံ ဆွဲဆန့်ပါက ၎င်းသည် အပြီးတိုင်ဆန့်ထွက်သွားပြီး ၎င်း၏ မူလအရွယ်အစားအတိုင်း ပြန်ဖြစ်မည်မဟုတ်ပေ။ အကြောပြတ်ရာများသည် သိသာထင်ရှားသော ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခုမဟုတ်သော်လည်း အကြောပြတ်ရာဖြစ်ပေါ်လာသူများအတွက် စိတ်ဖိစီးမှုဖြစ်နိုင်သည်။ အသားအရေအမျိုးအစား၊ အသက်အရွယ်၊ မျိုးရိုးလိုက်ခြင်း၊ အစားအသောက်နှင့် အသားရေတွင် ရေဓာတ်ပြည့်ဝမှုတို့အပေါ် မူတည်၍ အကြောပြတ်ရာဖြစ်နိုင်ခြေမှာ ကွဲပြားပါသည်။ အကြောပြတ်ရာဖြစ်ပေါ်လာမှု အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်-
အဆင့်တစ်
အစောပိုင်း အကြောပြတ်ရာများသည် အရောင်ဖျော့ပြီး ယားယံနိုင်ပါသည်။ အကြောပြတ်ရာများ အနီးတစ်ဝိုက်ရှိ အရေပြားသည် 'ပြား' ပြီး 'ပါးလွှာ' နိုင်သည်။
အဆင့်နှစ်
အကြောပြတ်ရာများသည် တဖြည်းဖြည်းနှင့် ပိုရှည်၊ ပိုကြီးလာ၍ အရောင်ပိုထင်းကာ ပိုသိသာလာသည်။
အဆင့်သုံး
အကြောပြတ်ရာများက သက်တမ်းကြာပြီး အရေပြားတင်းရင်းမှု မရှိတော့သောအခါ ၎င်းတို့သည် မှေးမှိန်ပြီး အရောင်ဖျော့လာပါလိမ့်မည်။ ၎င်းတို့သည် အနည်းငယ်ချိုင့်ပြီး ပုံသဏ္ဌာန် သို့မဟုတ် အရှည် ပုံမှန်မဟုတ်ခြင်း ရှိနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ်အကြောပြတ်ရာ ဖြစ်ပေါ်ခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီး 50% နှင့် 90% အကြားတွင် အကြောပြတ်ရာ ဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကြောင့် အရေပြားဆွဲဆန့်မှု အများဆုံးနေရာများဖြစ်သည့် - ဝမ်းဗိုက်၊ ပေါင်များ၊ တင်ပါးဆုံများ၊ ခါးအောက်ပိုင်း၊ တင်ပါးများနှင့် ရင်သားတို့တွင် အကြောပြတ်ရာများ ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ နေရာတိုင်းတွင် ပေါ်လာနိုင်သော်လည်း အဆီပမာဏများစွာ သိုလှောင်ထားသည့်နေရာများတွင် ပေါ်လာနိုင်ခြေ အများဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ကာလနှောင်းပိုင်း သုံးလပတ်အတွင်း (ခြောက်လမြောက် သို့မဟုတ် ခုနစ်လမြောက်ဝန်းကျင်) တွင် အကြောပြတ်ရာများကို မြင်လာရသော်လည်း အချို့အမျိုးသမီးများတွင် ပထမသုံးလပတ်အတွင်း အကြောပြတ်ရာများကို စတင်တွေ့မြင်ကြရသည်။ ကိုယ်ဝန်ဆောင်ချိန် အကြောပြတ်ရာများသည် ဟော်မုန်းပမာဏ ပိုမိုထုတ်လွှတ်ခြင်းဖြင့် ကလေးမွေးဖွားရန်အတွက် အရေပြား၏ ပြင်ဆင်မှုကြောင့်လည်း ဖြစ်နိုင်သည်။ ဤဟော်မုန်းများက အရေပြားထဲသို့ ရေပိုဝင်စေပြီး ကော်လာဂျင် အမျှင်များကြားရှိ တွယ်ဆက်မှုကို ပြေလျော့စေသည်။ အရေပြားကို ဆွဲဆန့်လိုက်သည့်အခါ ဆုတ်ပြဲရန်လွယ်ကူပြီး အကြောပြတ်ရာများ ဖြစ်ပေါ်လာစေသည်။ အသားအရေအမျိုးအစား၊ အသက်အရွယ်၊ မျိုးရိုးလိုက်ခြင်း၊ အစားအသောက်နှင့် အသားအရေတွင် ရေဓာတ်ပြည့်ဝမှုတို့အပေါ် မူတည်၍ အကြောပြတ်ရာဖြစ်နိုင်ခြေမှာ ကွဲပြားပါသည်။
ဘေးကင်းမှု အကဲဖြတ်ချက်
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အရည်အချင်းပြည့်မီသော အဆိပ်ဗေဒပညာရှင်တစ်ဦးက ဘေးကင်းရေး အကဲဖြတ်မှုကို ပြုလုပ်ထားပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက်သုံးနှစ်အထက် ကလေးများအပါအဝင် အရွယ်ရောက်ပြီးသူများအတွက် ရည်ရွယ်အသုံးပြုရန် ဘေးကင်းကြောင်း သတ်မှတ်ထားပါသည်။
ဘေးထွက်ဆိုးကျိုးများ
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် သုံးစွဲသူများ ဘေးကင်းစိတ်ချရစေရန် အဆိပ်အတောက်ဖြစ်စေသော အရာများဆိုင်ရာ စုစည်းဖော်ပြချက်ရှိပြီး ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာစည်းမျဉ်းများနှင့် ကိုက်ညီသော်လည်း အလှကုန်ပစ္စည်းအားလုံးကဲ့သို့ပင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အသုံးပြုသူများသည် ကုန်ပစ္စည်းကို အသုံးပြုချိန်တွင် ဘေးထွက်ဆိုးကျိုးကို ကြုံကောင်းကြုံရနိုင်သည်။ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်ပါက ကုန်ပစ္စည်း အသုံးပြုမှုကို ချက်ချင်းရပ်သင့်သည်။ ဆိုးရွားသော အရေပြား ဓာတ်မတည့်တုံ့ပြန်မှု၏ လက္ခဏာများတွင် ကုန်ပစ္စည်း လိမ်းထားသည့်နေရာ၌ ပုံမှန်အားဖြင့် ဖြစ်ပေါ်လေ့ရှိသည့် အင်ပျဉ်ကဲ့သို့ အနီကွက်ထခြင်းများ၊ ဖူးရောင်ခြင်းနှင့် ရောင်ရမ်းခြင်းများ ပါဝင်နိုင်သည်။ ထိုတုံ့ပြန်မှုများတွင် ယားယံခြင်းနှင့် အနည်းငယ် မသက်မသာဖြစ်ခြင်းတို့ပါ ဖြစ်ပေါ်နိုင်သည်။ အခြေအနေအများစုတွင် ကုန်ပစ္စည်းအသုံးပြုမှုကို ရပ်ဆိုင်းပြီးနောက် နှစ်ရက်မှ သုံးရက်အတွင်း ဘေးထွက်ဆိုးကျိုးများ သက်သာသွားပါမည်။ တုံ့ပြန်မှု သက်သာလာသည်နှင့်အမျှ နဂိုအခြေအနေသို့ ပြန်မရောက်မချင်း အရေပြားသည် ခြောက်သွေ့ပြီး အဖတ်လိုက် ကွာကျနိုင်သည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို အသုံးပြုခြင်းကြောင့် ဓာတ်မတည့်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေပါက အရေပြားနှင့်ဓာတ်မတည့်မှုရှိ၊ မရှိ ရိုးရှင်းသော စမ်းသပ်မှုကို ပြုလုပ်၍ စစ်ဆေးကြည့်သင့်သည်။ ကုန်ပစ္စည်းပမာဏ အနည်းငယ်ကို လက်ဖျံ၏ အတွင်းဘက်တွင် လိမ်းပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းရှိ၊ မရှိ သိရှိရန် 24 နာရီကြာ စောင့်ဆိုင်းခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်သည်။ သိသိသာသာ အရေပြားနီမြန်းခြင်း (အရေပြား အနီစက်ထခြင်း) သို့မဟုတ် အရေပြား အနည်းငယ် ရောင်ရမ်း (ရောင်ကိုင်း) ခြင်းသည် ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်ခြေရှိကြောင်း ညွှန်ပြနိုင်သည်။
မတော်တဆ မျိုချမိခြင်း
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို မတော်တဆ မျိုချမိပါက Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် အဆိပ်အတောက် မရှိသောကြောင့် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့မှလွဲ၍ အခြားဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားရမည်မဟုတ်ပါ။ သို့သော် အထူးသဖြင့် မွေးကင်းစကလေး သို့မဟုတ် ကလေးငယ်တစ်ဦးက မတော်တဆ မျိုချမိသောအခါတွင် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူရန် အကြံပြုထားသည်။
ဘူးဖွင့်ပြီးနောက် အသုံးပြုရမည့်ကာလ (PAO)
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ဘူးဖွင့်ပြီးနောက် 12 လအတွင်း အသုံးပြုရမည်။ ဤသည်မှာ ကုန်ပစ္စည်း ဘေးကင်းမှုရှိပြီး အသုံးပြုသူကို ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်သည့် ဘူးဖွင့်ပြီးနောက် အသုံးပြုရမည့် ကာလဖြစ်သည်။
ထုတ်လုပ်မှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ထုတ်လုပ်ခြင်းသည် အလှကုန်ပစ္စည်းများအတွက် ISO 22716:2007 ၏ ကောင်းမွန်သော ထုတ်လုပ်မှုဆောင်ရွက်ချက် (GMP) သတ်မှတ်ချက်များနှင့် ကိုက်ညီသည်။ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအားလုံး၌ လေ့လာဆန်းစစ်မှု အသိအမှတ်ပြုလက်မှတ် (COA) ပါရှိပြီး ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းအားလုံးတွင် ကိုက်ညီမှုအသိအမှတ်ပြုလက်မှတ် (COC) ပါဝင်သည်။ အရည်အသွေးထိန်းချုပ်မှု စစ်ဆေးမှုများ မအောင်မြင်မချင်း ကုန်ကြမ်း သို့မဟုတ် ထုပ်ပိုးပစ္စည်းများကို ထုတ်လုပ်ခြင်းတွင် သုံးခွင့်မပြုပါ။ ရောစပ်ထားသော Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) အသုတ်တိုင်းကို သီးသန့်အသုတ်နံပါတ်ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ အသုတ်မှ နမူနာကို ပုံပန်းသွင်ပြင်၊ ကြည်လင်ပြတ်သားမှု၊ အနံ့၊ ဓာတုပစ္စည်း၏ အလင်းစုပ်ယူမှုပမာဏ တိုင်းတာမှု၊ သိပ်သည်းဆ၊ စေးကပ်မှုနှင့် အဏုဇီဝဗေဒတို့အရ ခွဲခြားသတ်မှတ်ခြင်းအတွက် ဓာတ်ခွဲခန်းမှ စမ်းသပ်သည်။ နမူနာကို လေးနှစ်ကြာ ထိန်းသိမ်းထားသည်။ အပူချိန်နှင့် စိုထိုင်းဆ ထိန်းချုပ်ထားသည့် စက်ရုံတစ်ခုတွင် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို ဖြည့်သွင်းခြင်းနှင့် ထုပ်ပိုးခြင်းတို့ ပြုလုပ်ပါသည်။ ဖုန်မှုန့်ကြောင့် ညစ်ညမ်းမှုကို တားဆီးရန် လေသည် ထိရောက်မှုမြင့်မားသော အမှုန်အမွှားပါသည့်လေ (HEPA) စစ်ထုတ်သည့် စနစ်တစ်ခုကို ဖြတ်သန်းသွားပါသည်။ ထုတ်လုပ်မှုလိုင်းများတွင် အလုပ်လုပ်သော ဝန်ထမ်းများသည် ဦးထုပ်များ၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ လက်အိတ်များ၊ အပေါ်ရုံအင်္ကျီများနှင့် ဖိနပ်အစွပ်များဝတ်ဆင်ကြသည်။ နမူနာများကို ပုံမှန်အချိန်များခြား၍ လိုင်းမှ ထုတ်ယူပြီး ပုံမှန်မဟုတ်သော ပြစ်ချက်များ မရှိအောင် ကြိုတင်ကာကွယ်မှုအနေဖြင့် အရည်အသွေးထိန်းချုပ်ရေးဌာနက စစ်ဆေးသည်။ အသုတ်နံပါတ်တစ်ခုကို ပုလင်း၊ ဘူးနှင့် ပစ္စည်းထည့်ထားသည့်ကတ်ထူပုံးတွင် ရိုက်နှိပ်ထားပြီး ထုတ်လုပ်သည့်အသုတ်တစ်ခုစီမှ ထိန်းသိမ်းနမူနာကို လေးနှစ်ကြာ သိမ်းဆည်းထားသည်။
သဘာဝပါဝင်ပစ္စည်း ကွဲပြားမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ၏ အရောင်၊ အနံ့နှင့် အပျစ်အကျဲတို့သည် တစ်သုတ်နှင့် တစ်သုတ် အနည်းငယ်ကွာခြားနိုင်သည်။ ၎င်းသည် သဘာဝပစ္စည်းများတွင် မျှော်လင့်ထားသော ပုံမှန်ကွဲပြားမှုများကြောင့်ဖြစ်ပြီး သဘာဝပစ္စည်းဆိုသည့်အလျောက် ရာသီအလိုက်၊ မြေဆီလွှာအခြေအနေ၊ နေရောင်ခြည်ထိတွေ့မှု၊ သီးနှံအထွက်နှုန်း၊ ရာသီဥတုပုံစံ၊ အပူချိန်နှင့် တစ်နှစ်တာအချိန်ကဲ့သို့သော အကြောင်းရင်းများပေါ် မူတည်၍ အရောင်၊ အနံ့ သို့မဟုတ် အပျစ်အကျဲတို့တွင် အနည်းငယ်ကွာခြားပါလိမ့်မည်။
သိမ်းဆည်းမှု လမ်းညွှန်ချက်များ
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ကို နေရောင်ခြည်တိုက်ရိုက်မကျရောက်သော အေးမြသည့်နေရာတွင် သိမ်းဆည်းသင့်သည်။
ပြန်လည်အသုံးပြုခြင်း
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ထုပ်ပိုးမှု (ပုလင်း၊ ဘူးအဆို့၊ အထုပ်နှင့် ဘူး) အားလုံးကို ပြန်လည်အသုံးပြုနိုင်သည်။
အသိအမှတ်ပြု လက်မှတ်များ
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) သည် ဟာလာလ်နှင့် ကိုရှာ အသိအမှတ်ပြု လက်မှတ်ရထားသည်။
တိရစ္ဆာန်များတွင် စမ်းသပ်မထားခြင်း
အလှကုန်ပစ္စည်းများကို တိရစ္ဆာန်တွင် စမ်းသပ်ခြင်းဆိုင်ရာ EU ၏ ထိန်းချုပ်ကန့်သတ်ထားသည့် စည်းမျဉ်းများနှင့်အညီ Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) နှင့် ၎င်းတွင်ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများကို ထုတ်လုပ်ထားပါသည်။ Bio‑Oil သို့မဟုတ် ၎င်း၏ ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေး ကုမ္ပဏီများက Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) နှင့် ၎င်း၏ ပါဝင်ပစ္စည်းတစ်ခုခုကို တိရစ္ဆာန်များတွင် စမ်းသပ်ထားခြင်း မရှိပါ။
တိရစ္ဆာန်ထွက်ပစ္စည်း မပါဝင်ခြင်း
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် တိရစ္ဆာန်မှရရှိသော ပစ္စည်းများ မပါဝင်ပါ။
အသွင်အပြင် ပြောင်းလဲမှု
Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) တွင် ဂန္ဓမာ၊ ချာမိုမိုင်း၊ လာဗန်ဒါ၊ သနပ်ပွင့်နှင့် ရို့စ်မေရီအပင်မှရရှိသည့် အဆီအနှစ်များနှင့် အမွှေးဆီများအပြင် သဘာနှင်းဆီပန်းအဆီ၏ ကြွယ်ဝသော ဗီတာမင် A ပါဝင်ပြီး ၎င်းတို့အားလုံးသည် အလင်းရောင်နှင့်ထိတွေ့လျှင် ဓာတ်ပြုပြောင်းလဲနိုင်သည်။ နေရောင်ခြည်နှင့် ထိတွေ့လျှင် အချိန်ကြာလာသည်နှင့်အမျှ အရောင်ပြောင်းသွားနိုင်သည်။ သို့ရာတွင် ၎င်းသည် ကုန်ပစ္စည်း၏ အစွမ်းထက်မှု အာနိသင်ကို မထိခိုက်စေနိုင်ပါ။ ကြိုတင်ကာကွယ်မှုအနေဖြင့် Bio‑Oil® အသားအရေထိန်းသိမ်းမှုအဆီ (သဘာဝ) ပုလင်းများတွင် ခရမ်းလွန်ရောင်ခြည် စုပ်ယူသည့်ပစ္စည်း ပါဝင်သည်။ သို့သော် ကုန်ပစ္စည်းကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့အောင် သိမ်းဆည်းထားသင့်သည်။
ထုပ်ပိုးမှု