အမှတ်တံဆိပ်အမည်

Bio‑Oil®

ကုန်ပစ္စည်းအမည်နှင့် အရွယ်အစားများ

ကိုယ်လိမ်းလိုးရှင်း ၁၇၅ မီလီလီတာ

ကိုယ်လိမ်းလိုးရှင်း ၂၅၀ မီလီလီတာ

ရှင်းလင်းဖော်ပြချက်

တစ်နေ့တာ အစိုဓာတ်ဖြည့်ရန် အဆီ 42% ပါဝင်သော ကိုယ်လိမ်းလိုးရှင်း။

အညွှန်း

အရေပြား အစိုဓာတ်ဖြည့်ပေးမှုကို သိသိသာသာ မြှင့်တင်ပေးပါသည်။

သွင်ပြင်ပုံစံ

အဖြူရောင်အရည်။

ပါဝင်ပစ္စည်းများ

Aqua, Dimethicone, Isopropyl Palmitate, Ethylhexyl Cocoate, Isododecane, Isopropyl Myristate, Urea, Polyglyceryl-2 Dipolyhydroxystearate, Glycerin, Pentylene Glycol, Dicaprylyl Carbonate, Polyglyceryl-3 Diisostearate, Sodium Lactate, Dipentaerythrityl Hexacaprylate / Hexacaprate, Gluconolactone, Rosa Canina Fruit Oil, Simmondsia Chinensis Seed Oil, Calendula Officinalis Extract, Butyrospermum Parkii Oil, Helianthus Annuus Seed Oil, Glycine Soja Oil, Isostearyl Isostearate, Bisabolol, Octyldodecyl PCA, Retinyl Palmitate, Tocopheryl Acetate, Linoleic Acid, Linolenic Acid, Tocopherol, Sodium PCA, Sodium Hyaluronate, Lactic Acid, Stearalkonium Hectorite, Propylene Carbonate.

ခြောက်သွေ့သော အသားအရေကို လက်တွေ့စမ်းသပ်မှု

စမ်းသပ်လေ့လာမှုဌာန

Complife Italia S.r.l၊ အီတလီ။

ရည်မှန်းချက်

အရေပြား အစိုဓာတ်ဖြည့်ပေးရာတွင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ အစွမ်းထက်မှု အာနိသင်ကို စမ်းသပ်ရန် လက်တွေ့စမ်းသပ်အကဲဖြတ်ချက်။

နမူနာ

ပါဝင်စမ်းသပ်ခံသူများ- ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား II-V ရှိပြီး ခြေသလုံးအပြင်ပိုင်းတွင် ခြောက်သွေ့/အလွန်ခြောက်သွေ့သော အသားအရေကို လက်တွေ့ပြသည့် ကျန်းမာသန်စွမ်းသော အမျိုးသမီးပါဝင်စမ်းသပ်ခံသူ 30 ဦး။ စမ်းသပ်ရာနေရာ- စမ်းသပ်ကုန်ပစ္စည်းကို ပါဝင်စမ်းသပ်ခံသူ အားလုံး၏ ခြေသလုံးအပြင်ပိုင်းတွင် လိမ်းပေးခဲ့သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 25-65 နှစ်။

နည်းစနစ်

ခန္ဓာကိုယ် အစိတ်အပိုင်းခွဲ၍ စမ်းသပ်ထားပြီး၊ စမ်းသပ်အကဲဖြတ်သူအား အချက်အလက်လျှို့ဝှက်ထားသော၊ ကျပန်းရွေးချယ်ထားသော၊ ထိန်းချုပ်ထားသော ပစ္စည်းကိရိယာသုံး လက်တွေ့စမ်းသပ် လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူများသည် 7 ရက်တာကာလအတွင်း ခြောက်သွေ့သော အသားအရေ ဖြစ်လာစေရန် ခြေထောက်များကို ဆပ်ပြာဖြင့် ဆေးကြောထားရသည်။ အခြေခံလက်တွေ့နှင့် ပစ္စည်းကိရိယာသုံး အကဲဖြတ်ချက်များ ပြုလုပ်ခဲ့သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို သတ်မှတ်ထားသော အောက်ပိုင်းခြေထောက်ဘေးဘက်တွင် 28 ရက်ကြာ တစ်နေ့လျှင် နှစ်ကြိမ် လိမ်းပြီး ကျန်တစ်ဖက်ကို မလိမ်းဘဲထားသည်။ လက်တွေ့စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပစ္စည်းကိရိယာသုံး အကဲဖြတ်ချက်များကို 1 ရက်၊ 3 ရက်၊ 6 ရက်၊ 8 ရက်၊ 10 ရက်၊ 14 ရက် 21 ရက်နှင့် 28 ရက်မြောက်များတွင် ပြုလုပ်ခဲ့သည်။ နှိုင်းယှဉ်ရန်အတွက် ဆီမလိမ်းထားသောနေရာကိုလည်း အချိန်တိုင်းတွင် အကဲဖြတ်ခဲ့သည်။ လေ့ကျင့်ထားသော ကြည့်ရှုအကဲဖြတ်သူတစ်ဦးက (0-5 စကေးအရ) ပါဝင်စမ်းသပ်ခံသူများ ၏ ခြောက်သွေ့မှုအတိုင်းအတာကို လက်တွေ့စမ်းသပ်အဆင့်ခွဲထားသည်။ Corneometer ဖြင့် အရေပြားကို ရေဓာတ်ဖြည့်တင်းပေးမှုအား အရေအတွက်စံပြုတိုင်းတာမှု။ ရေဓာတ်မဆုံးရှုံးအောင် တားဆီးပေးနိုင်မှု၏ ညွှန်ပြချက်အဖြစ် အရေပြားရေဓာတ်ဆုံးရှုံးမှု (TEWL) ၏ အရေအတွက်စံပြုတိုင်းတာမှုကို အရေပြားရေဓာတ်ဆုံးရှုံးမှု တိုင်းတာစက်ဖြင့် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် 8 ရက်မြောက်နှင့် 14 ရက်မြောက်တို့တွင် ကိုယ်တိုင်အကဲဖြတ်မှု မေးခွန်းလွှာကို ဖြေစေခဲ့သည်။

ရလဒ်

လိုးရှင်းမလိမ်းထားသောနေရာနှင့် နှိုင်းယှဉ်ပါက Bio‑Oil® ကိုယ်လိမ်းလိုးရှင်း လိမ်းထားခြင်းသည် ခြောက်သွေ့မှုကို လက်တွေ့စမ်းသပ်အဆင့်ခွဲခြင်း၊ အရေပြားရေဓာတ်ဆုံးရှုံးမှု တိုင်းတာစက်နှင့် Corneometer ဖြင့်တိုင်းတာမှုများတွင် ပထမရက်ကတည်းကပင်စ၍ အချိန်မှတ်တိုင်းတွင် ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှုကို ရရှိစေခဲ့သည်။ ခြောက်သွေ့မှုကို လက်တွေ့စမ်းသပ်အဆင့်ခွဲခြင်းအတွက် 14 ရက်မြောက်မှစတင်၍ ပါဝင်စမ်းသပ်ခံသူများ 96.7% တွင် ကိန်းဂဏန်းအချက်အလက်အရ သိသာထင်ရှားသော တိုးတက်မှုများကို မြင်တွေ့ခဲ့ရပြီး 1 ရက်မြောက်နေ့တွင် မှတ်သားထားသည်ထက် နှစ်ဆနီးပါး တိုးတက်မှုရှိခဲ့သည်။ 28 ရက်အသုံးပြုပြီးနောက် ပါဝင်စမ်းသပ်ခံသူများ 100% တွင် အရေပြား အစိုဓာတ်ဖြည့်ပေးမှု သိသာထင်ရှားစွာ ပိုမိုကောင်းမွန်လာပြီး 1 ရက်မြောက်နေ့ထက် 4 ဆနီးပါး တိုးတက်လာသည်ကို တွေ့ရသည်။ အလားတူ 28 ရက်အသုံးပြုပြီးနောက် ပါဝင်စမ်းသပ်ခံသူ 100% သည် TEWL တွင် သိသိသာသာ ကျဆင်းသွားသည်ကို ပြသခဲ့ပြီး 1 ရက်မြောက်နေ့ထက် နှစ်ဆကျော် တိုးတက်မှုရှိခဲ့သည်။ ဤတွေ့ရှိချက်များကို ကိုယ်တိုင်အကဲဖြတ်မှု မေးခွန်းလွှာ၏ ရလဒ်များဖြင့် ထောက်ခံထားပါသည်။

ခြောက်သွေ့သော အသားအရေရှိသည့် အသုံးပြုသူ စမ်းသပ်လေ့လာမှု

စမ်းသပ်လေ့လာမှုဌာန

Ayton Global Research၊ ယူနိုက်တက်ကင်းဒမ်း။

ရည်မှန်းချက်

ကိုယ်လိမ်းအစိုဓာတ်ထိန်းဆေးအဖြစ် Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ အာနိသင်ထိရောက်မှုကို အကဲဖြတ်ရန်။

နမူနာ

ပါဝင်စမ်းသပ်ခံသူများ- ကျန်းမာရေးကောင်းမွန်သော ပါဝင်စမ်းသပ်ခံသူ အမျိုးသမီး 117 ဦး။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။

နည်းစနစ်

2 ပတ်၊ တစ်နေရာတည်းတွင် နေရာချထားမှု၊ အိမ်တွင်း အသုံးပြုသူ စမ်းသပ်လေ့လာမှု။ ပါဝင်စမ်းသပ်ခံသူများအား ကုန်ပစ္စည်းကို နေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရန် ညွှန်ကြားထားသည်။ အရေပြားထဲကို လုံးလုံးစိမ့်ဝင်သည်အထိ လိမ်းပေးပါ။ မေးခွန်းလွှာအတိုသုံးစောင်ကို ဖြည့်စွက်ခဲ့သည်- ကနဦး လိမ်းပြီးနောက် ပထမတစ်စောင်၊ 12 နာရီကြာပြီးနောက် ဒုတိယတစ်စောင်၊ ကုန်ပစ္စည်းကို အသုံးပြုပြီး 2 ပတ်အကြာတွင် တတိယတစ်စောင်။

ရလဒ်

အသုံးပြုမှု- ပါဝင်စမ်းသပ်ခံသူ 95% က 'ကုန်ပစ္စည်းသည် ယခင်ကသုံးဖူးသော အစိုဓာတ်ဖြည့်လိမ်းဆေးများထက် ပိုမိုပေါ့ပါးသည်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 93% က 'ကုန်ပစ္စည်းသည် ယခင်ကသုံးဖူးသော အစိုဓာတ်ဖြည့်လိမ်းဆေးများထက် ဖြန့်လိမ်းရပိုလွယ်သည်' ဟု သဘောတူခဲ့ကြသည်။ စိမ့်ဝင်မှု- ပါဝင်စမ်းသပ်ခံသူ 82% က 'ကုန်ပစ္စည်းသည် ယခင်ကသုံးဖူးသော အစိုဓာတ်ဖြည့်လိမ်းဆေးများထက် ပိုမိုစိမ့်ဝင်လွယ်သည်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 75% က 'ကုန်ပစ္စည်းသည် ယခင်ကအသုံးပြုဖူးသည့် အစိုဓာတ်ဖြည့်လိမ်းဆေးများထက် ပိုမိုလျင်မြန်စွာ စိမ့်ဝင်သည်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 74% က 'လိမ်းပြီးလျှင် ချွဲကျိကျိ မဖြစ်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 86% က 'ကုန်ပစ္စည်းကို လိမ်းပြီးသည်နှင့် ချက်ချင်းအဝတ်ဝတ်၍ရသည်' ဟု သဘောတူခဲ့ကြသည်။ ရေဓာတ်- ပါဝင်စမ်းသပ်ခံသူ 93% က 'ကုန်ပစ္စည်းသည် အရေပြားကို ချက်ချင်းအစိုဓာတ်ဖြည့်ပေးသည်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 92% က 'ကုန်ပစ္စည်းကို လိမ်းပြီးနောက် အသားအရေ ချောမွေ့နူးညံ့လာသည်ဟု ခံစားရကြောင်း' သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 90% က 'သူတို့၏ အသားအရေသည် တစ်နေ့တာလုံး အစိုဓာတ်ကို ခံစားရသည်' ဟု သဘောတူခဲ့ကြပြီး 91% က 'သူတို့၏ အသားအရေသည် တစ်နေ့တာလုံး ချောမွေ့နူးညံ့နေသည်ကို ခံစားရသည်' ဟု သဘောတူခဲ့ကြသည်။ ပါဝင်စမ်းသပ်ခံသူ 92% က 'သူတို့၏အသားအရေသည် 2 ပတ်တာကာလ အစပိုင်းထက် ပိုမိုကောင်းမွန်လာသည်' ဟု သဘောတူခဲ့ကြသည်။ အလုံးစုံ- ပါဝင်စမ်းသပ်ခံသူ 73% က 'ကုန်ပစ္စည်းသည် ယခင်ကသုံးဖူးသော အစိုဓာတ်ဖြည့်လိမ်းဆေးများထက် ပိုကောင်းသည်' ဟု သဘောတူခဲ့ကြသည်။

အထိခိုက်မခံသော အသားအရေ စမ်းသပ်မှု

စမ်းသပ်လေ့လာမှုဌာန

Complife Italia S.r.l၊ အီတလီ။

ရည်မှန်းချက်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ အရေပြား ယားယံမှုကို ဖြစ်စေသော အလားအလာကို အကဲဖြတ်ရန်။

နမူနာ

စမ်းသပ်ခံသူများ- ပါဝင်စမ်းသပ်ခံသူ 25 ဦးတွင် အမျိုးသမီး 22 ဦးနှင့် အမျိုးသား 3 ဦးပါဝင်ပြီး လက်တစ်အက်ဆစ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်၊ မဖြစ် စမ်းသပ်မှုအရ အားလုံးသည် အထိခိုက်မခံသော အသားအရေရှိသူများ ဖြစ်သည်။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-70 နှစ်။

နည်းစနစ်

ထိန်းချုပ်လေ့လာမှု။ ဘာမှမပါသည့်ပစ္စည်း (သတ္တုဓာတ်ဖယ်ရှားထားသည့်ရေ) လိမ်းထားသော နေရာနှင့် Bio‑Oil® ကိုယ်လိမ်းလိုးရှင်း လိမ်းထားသည့်နေရာဟူ၍ နေရာနှစ်နေရာကို အကဲဖြတ်ခဲ့သည်။ Finn Chamber® ကို အသုံးပြု၍ 48 နာရီကြာအောင် အရေပြားမျက်နှာပြင်နှင့် ထိတွေ့ပြီး စမ်းသပ်ကုန်ပစ္စည်းများကို ပါဝင်စမ်းသပ်ခံသူများ၏ နောက်ကျောတွင် လိမ်းခဲ့သည်။ ကပ်ခွာကို ဖယ်ရှားပြီးနောက် 15 မိနစ်၊ 1 နာရီနှင့် 24 နာရီအကြာတို့တွင် မူလအရေပြား ယားယံမှုကို အကဲဖြတ်ရန် အရေပြားအထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် အရေပြားဓာတ်မတည့်မှုများကို အကဲဖြတ်ခဲ့သည်။ အရေပြားဓာတ်မတည့်မှုများကို 0-4 စကေးဖြင့် အဆင့်သတ်မှတ်ခဲ့သည် (0 တွင် အရေပြားအနီစက်ထခြင်း၊ ရောင်ကိုင်းခြင်း သို့မဟုတ် အခြားအရေပြား ယားယံမှု အမျိုးအစားများ မရှိ၍ 4 တွင် ပြင်းထန်သော အရေပြားအနီစက်ထခြင်းနှင့် ရောင်ကိုင်းခြင်း၊ အရေပြား နီညိုရောင်ဖြစ်ခြင်းနှင့် လိမ်းထားသည့်နေရာထက် ကျော်လွန်၍ ရောင်ရမ်းခြင်းဖြစ်သည်)။

ရလဒ်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ အရေပြားခံနိုင်ရည်ရှိမှုအား 'စပ်ဖျဉ်းဖျဉ်းမဖြစ်စေ' ဟု မှတ်ယူသည်။

အဆီဖုမထွက်စေခြင်းဆိုင်ရာ စမ်းသပ်မှု

စမ်းသပ်လေ့လာမှုဌာန

Complife Italia S.r.l၊ အီတလီ။

ရည်မှန်းချက်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ အဆီဖုထွက်စေသည့် ဖြစ်နိုင်ခြေကို အကဲဖြတ်ရန်။

နမူနာ

စမ်းသပ်ခံသူများ- ပါဝင်စမ်းသပ်ခံသူ 20 ဦး၊ ဝက်ခြံထွက်လွယ်ပြီး ဖြူဖျော့ဖျော့နှင့် နေရောင်ဒဏ်မခံနိုင်သော အသားအရေ အမျိုးအစား အမျိုးမျိုးရှိသည့် အမျိုးသမီး 14 ဦးနှင့် အမျိုးသား 6 ဦး။ ပါဝင်စမ်းသပ်ခံသူများ၏ အသက်အရွယ်- 18-65 နှစ်။

နည်းစနစ်

ထိန်းချုပ်လေ့လာမှု။ ကုန်ပစ္စည်းကို စစ်ထုတ်သည့် စာရွက်ဝိုင်းပေါ်တင်၍ ပါဝင်စမ်းသပ်ခံသူများ၏ အပေါ်ပိုင်း ကျောဘက်ပေါ်တွင် လိမ်းခဲ့သည်။ ကပ်ခွာများကို 48 နာရီမှ 72 နာရီအထိ ထိုနေရာတွင် ထားခဲ့ပြီးနောက် ဖယ်ရှား၍ ထပ်လိမ်းခဲ့သည်။ စုစုပေါင်း ကပ်ခွာ 12 ခုကို 4 ပတ်ဆက်တိုက် သုံးခဲ့သည်။ ဘာမှမပါသည့်ပစ္စည်း (သတ္တုဓာတ်များဖယ်ရှားထားသည့်ရေ)၊ စမ်းသပ်ကုန်ပစ္စည်း (Bio‑Oil® ကိုယ်လိမ်းလိုးရှင်း) နှင့် စစ်ဆေးမည့်အရာ ထည့်ထားသည့်ပစ္စည်း (အဆီဖုထွက်စေသော ကုန်ပစ္စည်းဟု သိထားသည့် လန်နိုလင် အယ်လ်ကိုဟော) တို့ကို နှိုင်းယှဉ်ခြင်းဖြင့် နေရာသုံးခုကို အကဲဖြတ်ခဲ့သည်။ ကုန်ပစ္စည်းတစ်ခုစီ၏ မလိမ်းမီနှင့် လိမ်းပြီးတွင် အဆီဖုများ ရှိနေမှုကို နှိုင်းယှဉ်ရန် အရေပြားအထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် ကပ်ခွာတစ်ခုစီကို ဖယ်ရှားပြီးနောက် 15 မိနစ်အကြာတွင် အရေပြားဓာတ်မတည့်မှုများကို လက်တွေ့ အကဲဖြတ်ခဲ့ပါသည်။

ရလဒ်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်း လိမ်းထားသော နေရာသည် ဘာမှမပါသည့်ပစ္စည်း လိမ်းထားသည့် နေရာနှင့် သိသိသာသာ ကွာခြားမှုမရှိကြောင်း တွေ့ရသည်။ စစ်ဆေးမည့်အရာ ထည့်ထားသည့်ပစ္စည်းသည် ဝက်ခြံဖြစ်စေခဲ့သည်။

စေးကပ်မှု လေ့လာမှု

စမ်းသပ်လေ့လာမှုဌာန

Union Swiss၊ တောင်အာဖရိက။

ရည်မှန်းချက်

အလားတူအစိုဓာတ်ဖြည့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်၍ Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ ပြောင်းလဲနိုင်သော စေးကပ်မှုကို အကဲဖြတ်ရန် အတွင်းပိုင်းလေ့လာမှုတစ်ခု။

နမူနာ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အစိုဓာတ်ဖြည့်ပေးမှုတွင် အခိုင်အမာသက်သေထူပြီးသော သမိုင်းကြောင်းရှိသည့် ကမ္ဘာ့အမှတ်တံဆိပ် 10 ခုမှ ထုတ်လုပ်သော အစိုဓာတ်ဖြည့် ကုန်ပစ္စည်း 13 ခုနှင့် နှိုင်းယှဉ်ခြင်း။

နည်းစနစ်

Anton Paar RheoLab QC စီးဆင်းနိုင်မှု တိုင်းတာစက်တွင် စပင်ဒယ် CC 39၊ မြန်နှုန်း- 20˚C တွင် 200 rpm၊ အရည်ရွေ့နှုန်း - 155 ကို အသုံးပြု၍ ပြောင်းလဲနိုင်သော စေးကပ်မှုကို တိုင်းတာခဲ့သည်။

ရလဒ်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် ပြိုင်ဘက်ကုန်ပစ္စည်းများ၏ ပျမ်းမျှထက် ပြောင်းလဲနိုင်သော စေးကပ်မှု 7.5 ဆ ပိုနည်းကြောင်း (94 mPa.s နှင့် 707 mPa.s အသီးသီး) တွေ့ရှိရသဖြင့် ပိုမိုစိမ့်ဝင်လွယ်ပြီး စိမ့်ဝင်မြန်သည့် ပိုကျဲပြီး ပေါ့ပါးသောအရည်တစ်မျိုးဖြစ်ကြောင်း ညွှန်ပြသည်။

အသုံးပြုခြင်း

လိမ်းနည်း

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို လုံးဝစိမ့်ဝင်သည်အထိ ခန္ဓာကိုယ်ပေါ်တွင် စက်ဝိုင်းပုံစံ နှိပ်နယ်၍ လိမ်းပေးရမည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို နေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရန် အကြံပြုထားသည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို ပွင့်နေသော ဒဏ်ရာ သို့မဟုတ် ပွန်းပဲ့နေသော အရေပြားပေါ်တွင် မလိမ်းသင့်ပါ။ ၎င်းသည် အရေပြားပေါ်တွင်လိမ်းသော အလှကုန်ပစ္စည်းအဖြစ် အသုံးပြုရန်အတွက်သာ ရည်ရွယ်ပါသည်။ မျက်လုံးအတွင်းသို့ မဝင်စေရန် ဂရုပြုရပါမည်။ အကယ်၍ မျက်လုံးအတွင်းသို့ ဂျယ်လ် ဝင်ရောက်သွားပါက ရေနှင့်သေချာစွာ ဆေးပေးပါ။ ကလေးများလက်လှမ်းမမီသော နေရာတွင် ထားပါ။

အသုံးမပြုခင် ဘူးကိုလှုပ်ပေးပါ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် ရေနှင့် အဆီတို့ အလွန်ပေါ့ပါးစွာ ပေါင်းစပ်ထားသည့် emulsion တစ်ခုဖြစ်သည်။ အလွန်ပေါ့ပါးသည့်အတွက် ဒီတိုင်းထားထားသည့်အခါ အဆီအချို့ ကုန်ပစ္စည်း၏ မျက်နှာပြင်ပေါ်သို့ တက်လာပြီး ပါးလွှာသောအလွှာကို ဖြစ်ပေါ်စေသည်။ အသုံးမပြုမီ ကုန်ပစ္စည်းကို ညင်သာစွာ လှုပ်ခါပေးခြင်းဖြင့် အဆီလွှာသည် လိုးရှင်းထဲသို့ ပြန်ဝင်သွားပါသည်။ အလွှာဖြစ်ပေါ်ခြင်းသည် မည်သည့်နေရာတွင်မဆို သုံးရက်မှ သုံးပတ်အထိ ကြာနိုင်ပြီး အပူချိန်၊ ပုလင်းကို လှုပ်ခါသည့် အားပါမှု ပမာဏနှင့် အကြိမ်ရေကဲ့သို့ အချက်များပေါ်တွင် မူတည်သည်။ ကုန်ပစ္စည်းကို နေ့စဉ်အသုံးပြုပေးခြင်း၊ ထုတ်လိမ်းချိန်တွင် ပုလင်းကို ဇောက်ထိုးထားပေးခြင်း လုပ်ရုံမျှဖြင့် ဤအဆီလွှာ မဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်သည်။ အဆီလွှာတစ်ခု ဖြစ်ပေါ်နေပြီး ကုန်ပစ္စည်းကို မလှုပ်ဘဲ ထုတ်လိမ်းလိုက်လျှင် ကြည်လင်သောဆီအရောအနှောသည် ပုလင်းထဲမှ ထွက်လာနိုင်သည်။ ၎င်းသည် သုံးစွဲသူဘေးကင်းရေးနှင့် ပတ်သက်သည့် အန္တရာယ်မဟုတ်ပါ။

ဘယ်လောက်ကြာကြာ သုံးရမလဲ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ လက်တွေ့စမ်းသပ်ချက်ကို လေးပတ်တာကာလအတွင်း လုပ်ဆောင်ခဲ့ပြီး ကုန်ပစ္စည်း၏ အာနိသင် ထိရောက်မှုကို အချိန်နှင့်အမျှ အကဲဖြတ်နိုင်မည်ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဆန်းစစ်ချက်အရ 24 နာရီလောက်သာကြာပြီးနောက် အရေပြားတွင် သိသိသာသာ ပိုမိုကျန်းမာစိုပြည်သော သွင်ပြင်ကို တွေ့ရပြီး စမ်းသပ်လေ့လာမှု ကာလတစ်လျှောက်လုံး ဤအတိုင်း ဆက်လက်ကျန်းမာစိုပြည်နေကြောင်း ပြသသည်။ သို့ရာတွင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို ၎င်း၏ အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို အာဟာရဖြည့်ပေးသည့် ဂုဏ်သတ္တိများအတွက် ပုံမှန်စွဲသုံးပေးရနိုင်ပြီး နေ့စဉ် အသားအရေထိန်းသိမ်းမှု ပုံမှန်လုပ်ရိုးလုပ်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာစေသည်။

ပုံမှန်အသားအရေထိန်းသိမ်းမှု လုပ်ရိုးလုပ်စဉ်နှင့်တွဲ၍ အသုံးပြုမှု

စိမ့်ဝင်မှုအမြန်ဆုံးဖြစ်စေရန် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို သန့်စင်ပြီးသော အသားအရေတွင် လိမ်းပေးသင့်သည်။ နေရောင်ကာလိုးရှင်း သို့မဟုတ် အခြားခရင်မ်ကို လိမ်းပါက Bio‑Oil® ကိုယ်လိမ်းလိုးရှင်း အရေပြားထဲသို့ လုံးဝစိမ့်ဝင်ပြီးနောက်တွင်သာ လိမ်းပါ။ ခန္ဓာကိုယ်အနှံ့အသုံးပြုရန်အတွက် ရေချိုးပြီးနောက် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို လိမ်းပါ။

ကိုယ်ဝန်ဆောင်စဉ် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် ကိုယ်ဝန်ဆောင်စဉ် အသုံးပြုရန် ဘေးကင်းပါသည်။

ဗီတာမင် A နှင့် ကိုယ်ဝန်ဆောင်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗီတာမင် A အာဟာရဖြည့်စွက်စာများကို လျှော့၍စားသုံးရန် များသောအားဖြင့် အကြံပြုထားသောကြောင့် ဗီတာမင် A ပါသော အသားအရေထိန်းသိမ်းမှု ကုန်ပစ္စည်းများကို အသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနိုင်ပါသည်။ အရေပြားပေါ်တွင် လိမ်းထားသော မည်သည့်အရာမဆိုသည် ၎င်း၏ အဆိပ်အတောက်ဆိုင်ရာ သတ်မှတ်အဆင့်ထက် ကျော်လွန်မှသာ အန္တရာယ်ဖြစ်စေပါသည်။ အရေပြားသည် ထိုးဖောက်ဝင်ရောက်မှုတွင် သိသာသော အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေသောကြောင့် လိမ်းထားသော ဗီတာမင် A အနည်းငယ်မျှသာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ဥရောပကော်မရှင်၏ သုံးစွဲသူ ဘေးကင်းရေးဆိုင်ရာ သိပ္ပံနည်းကျကော်မတီ (SCCS) သည် ဗီတာမင် A နှင့် ၎င်း၏ အက်စတာဒြပ်ပေါင်းများကို အလှကုန်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုသည့်အချိန်တွင် အကဲဖြတ်ခဲ့သည်။ SCCS ၏ ယူဆချက်အရ ကိုယ်လိမ်းလိုးရှင်းများတွင် ဗီတာမင် A ကို ရက်တီနော အလားတူပမာဏ အမြင့်ဆုံးပါဝင်မှု 0.05% အထိ အသုံးပြုခြင်းသည် ဘေးကင်းပါသည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်း ဖော်မြူလာတွင် ပါဝင်သော ဗီတာမင် A သည် ကိုယ်လိမ်းလိုးရှင်းအတွက် အများဆုံးခွင့်ပြုနိုင်သော ဤပါဝင်မှုအောက် အဆင့်တွင်ရှိပြီး ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။

မိခင်နို့တိုက်ကျွေးနေစဉ် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် နို့တိုက်ကျွေးနေစဉ် ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုရန် ဘေးကင်းသော်လည်း နို့သီးခေါင်းများတွင် လိမ်းခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ ဘေးထွက်ဆိုးကျိုး မရှိနိုင်သော်လည်း ငယ်ရွယ်သောကလေးငယ်များသည် အလွန်ထိခိုက်လွယ်ပြီး Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အလွန်နည်းပါးသောပမာဏမျှပင် မမျိုချသင့်ပါ။

မွေးကင်းစကလေးများနှင့် ကလေးများတွင် အသုံးပြုမှု

အသက်သုံးနှစ်အောက်ကလေးများတွင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အသုံးပြုလျှင် ဘေးကင်းမှု ရှိ၊ မရှိကို အကဲဖြတ်ထားခြင်းမရှိပါ။ မွေးပြီးပြီးချင်း ပထမနှစ်အနည်းငယ်တွင်၊ ခုခံအားစနစ် ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် လူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်သည်။ ထို့ကြောင့် ၎င်းကို အသက်သုံးနှစ်နှင့်အထက် ကလေးများတွင်သာ အသုံးပြုရန် အကြံပြုထားသည်။

နေရောင်အောက်တွင် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းတွင် ပြုလုပ်ထားသော စမ်းသပ်ချက်များအရ ကုန်ပစ္စည်းသည် နေလောင်ခြင်းကို ဖြစ်နိုင်ခြေ သို့မဟုတ် ပိုမိုဆိုးရွားစေခြင်း မရှိကြောင်း ပြသသည်။ ထို့ကြောင့် နေရောင်အောက်တွင် အသုံးပြုရန် အန္တရာယ်ကင်းသော်လည်း ကုန်ပစ္စည်းသည် နေ၏ UVA နှင့် UVB ရောင်ခြည်များ၏ အန္တရာယ်ရှိသောသက်ရောက်မှုများကို အကာအကွယ်မပေးသည့်အတွက်ကြောင့် ကုန်ပစ္စည်းကို နေရောင်ကာကွယ်မှု အညွှန်းကိန်း (SPF) အနည်းဆုံး 30 ပါရှိသည့် ဘက်စုံကာကွယ်ပေးသော နေရောင်ကာလိမ်းဆေးနှင့် တွဲဖက်အသုံးပြုရန် အရေးကြီးပါသည်။

ချွဲမြှေးများပေါ်တွင် သို့မဟုတ် ၎င်းတို့အနီးတွင် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အသုံးပြုမှုတိုင်းအတွက် ဘေးကင်းသည်ဟု ခွဲခြားသတ်မှတ်ထားသော်လည်း ချွဲမြှေးများနှင့် ထိပြီး အသုံးပြုမှုသည် ကုန်ပစ္စည်း၏ ကျိုးကြောင်းဆီလျော်စွာ မှန်းဆနိုင်သော အသုံးပြုမှုမဟုတ်သောကြောင့် ၎င်း၏ ဘေးကင်းမှုကို မစမ်းသပ်ရသေးပါ။

ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဓာတုကုထုံးနှင့်တွဲ၍ အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အလှကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ဓာတ်ရောင်ခြည် ကုထုံး သို့မဟုတ် ဓာတုကုထုံးခံယူနေသူများအနေဖြင့် ကုန်ပစ္စည်းကို အသုံးမပြုမီ ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူရန် အကြံပြုအပ်ပါသည်။

ဆေးဝါးကုန်ပစ္စည်းများနှင့်တွဲ၍ အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အလှကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ကုန်ပစ္စည်းကို ဆေးဝါးကုန်ပစ္စည်းများနှင့် တစ်ပြိုင်နက်တွဲ၍ အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အကြံဉာဏ်ရယူရန် ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

အထိခိုက်မခံသော အသားအရေတွင် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အထိခိုက်မခံသော အသားအရေတွင် အသုံးပြုနိုင်ပါသည်။ အထိခိုက်မခံသော အသားအရေရှိသည့် အသက် 18 မှ 70 နှစ်ကြား ပါဝင်စမ်းသပ်ခံသူ 25 ဦးတွင် အရေပြား ယားယံခြင်း လေ့လာမှုကို ပြုလုပ်ခဲ့ပြီး မည်သည့်စမ်းသပ်ခံသူတွင်မျှ ဖော်မြူလာကြောင့် ဘေးထွက်ဆိုးကျိုး မကြုံခဲ့ပါ။

အဆီပြန်သော အသားအရေတွင် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အဆီပြန်သော အသားအရေတွင် သုံးနိုင်သည်။ ဝက်ခြံထွက်လွယ်သော အသားအရေရှိသည့် အသက် 18 မှ 65 နှစ်ကြား ပါဝင်စမ်းသပ်ခံသူ 20 ယောက်ကို စမ်းသပ်လေ့လာမှုတွင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။

ဝက်ခြံထွက်လွယ်သော အသားအရေတွင် အသုံးပြုမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို ဝက်ခြံထွက်လွယ်သော အသားအရေတွင် အသုံးပြုနိုင်သည်။ ဝက်ခြံထွက်လွယ်သော အသားအရေရှိသည့် အသက် 18 မှ 65 နှစ်ကြား ပါဝင်စမ်းသပ်ခံသူ 20 ယောက်ကို စမ်းသပ်လေ့လာမှုတွင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အဆီဖုမထွက်စေကြောင်း တွေ့ရှိခဲ့သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အသုံးမပြုမီ ဆရာဝန်တစ်ဦး၏ အကြံဉာဏ်ကို ရယူရန် ဝက်ခြံပေါက်နေသောသူများအား အကြံပြုအပ်ပါသည်။

ခြောက်သွေ့သော အသားအရေ လက္ခဏာများနှင့် အကြောင်းရင်းများ

လက္ခဏာများ

ခြောက်သွေ့သော အသားအရေ၏ လက္ခဏာများမှာ မွဲခြောက်ပြီး အလွှာလိုက်ကွာကျသော အသားအရေ၊ အရေးကြောင်းများ၊ မီးခိုးရောင် သို့မဟုတ် ပြာမွဲမွဲ အသားအရေနှင့် ကြမ်းတမ်းခြင်းနှင့် တင်းတင်းမာမာ ခံစားရခြင်းတို့ ပါဝင်သည်။

အကြောင်းရင်းများ

ပြင်ပ အကြောင်းရင်းများကြောင့်လည်းကောင်း၊ အတွင်းပိုင်း အကြောင်းရင်းများကြောင့်လည်းကောင်း အသားအရေခြောက်သွေ့ခြင်း ဖြစ်နိုင်သည်။ ပြင်ပ အကြောင်းရင်းများ- ခြောက်သွေ့သောရာသီဥတုကြောင့် အရေပြားအတွင်းပိုင်းမှ အစိုဓာတ်ကို အဆီနှစ်လွှာမှတစ်ဆင့် ခြောက်သွေ့သောပြင်ပလေထဲသို့ စုပ်ယူသွားစေသည်။ လေအေးပေးစက်များနှင့် အပူပေးစက်များသည် လေထုထဲမှ အစိုဓာတ်ကို ထုတ်ယူကာ သဘာဝနည်းလမ်းဖြင့်မဟုတ်သည့် ခြောက်သွေ့သော ရာသီဥတုကို ဖန်တီးပြီး အရေပြားမှ အစိုဓာတ်ကို ထုတ်ယူသည်။ နေ့စဉ်ဆေးကြောခြင်းနှင့် အပြင်းစား ဆပ်ပြာမှုန့်များနှင့် ထိတွေ့ခြင်းသည် အရေပြား၏ အဆီနှစ်လွှာကို ဖယ်ရှားလိုက်သဖြင့် အရေပြားမှ အစိုဓာတ်ကို ပိုမိုလွယ်ကူစွာ ဆုံးရှုံးစေနိုင်သည်။ အတွင်းပိုင်း အကြောင်းရင်းများ- အသက်ကြီးလာသည်နှင့်အမျှ အရေပြားသည် အဆီဓာတ်များ ထုတ်လုပ်မှု နည်းပါးလာပြီး အဆီနှစ်လွှာကို ပါးလွှာစေသဖြင့် အစိုဓာတ် ပိုမိုဆုံးရှုံးလွယ်လာသည်။ မျိုးရိုးဗီဇများသည် အဆီနှစ်လွှာတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော စီရာမိုက်အဆီ ပမာဏနည်းပါးခြင်းကြောင့် ခြောက်သွေ့သော အသားအရေ ဖြစ်ပေါ်လာစေခြင်းတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်။ ၎င်းသည် အရေပြား အပေါ်ယံလွှာ၏ အစိုဓာတ်မထွက်သွားအောင် ပိတ်ဆို့ပေးနိုင်စွမ်းကို လျော့ကျစေပြီး အစိုဓာတ် ဆုံးရှုံးမှု၏ ပုံမှန်အဆင့်ထက် ကျော်လွန်စေသည်။ အရေပြား၏ pH သည် အရေပြားအစိုဓာတ်ဆုံးရှုံးခြင်း၊ ထိခိုက်ခြင်းမဖြစ်အောင် တားဆီးပေးနိုင်မှုအပေါ် သက်ရောက်သည်။ အရေပြားအတွင်းရှိ pH ပမာဏ မြင့်မားခြင်းသည် အဆီနှစ်လွှာ၏ ကျန်းမာသော လုပ်ဆောင်မှုကို ထိခိုက်စေပါသည်။

ဘေးကင်းမှု အကဲဖြတ်ချက်

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အရည်အချင်းပြည့်မီသော အဆိပ်ဗေဒပညာရှင်တစ်ဦးမှ ဘေးကင်းမှု အကဲဖြတ်ချက် ပြုလုပ်ထားပြီး ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် အသက်သုံးနှစ်အထက်ကလေးများအပါအဝင် အရွယ်ရောက်ပြီးသူများအတွက် ရည်ရွယ်အသုံးပြုရန်အတွက် ဘေးကင်းကြောင်း သတ်မှတ်ခံရသည်။

ဘေးထွက်ဆိုးကျိုးများ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အဆိပ်အတောက်ဖြစ်စေသော အရာများဆိုင်ရာ စုစည်းဖော်ပြချက်အရ ဘေးကင်းမှုရှိပြီး ဤနည်းအားဖြင့် နိုင်ငံတကာ စည်းမျဉ်းများနှင့် ကိုက်ညီသော်လည်း အလှကုန်ပစ္စည်း အားလုံးကဲ့သို့ပင် Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အသုံးပြုသူများသည် ကုန်ပစ္စည်းကို အသုံးပြုသည့်အခါ ဘေးထွက်ဆိုးကျိုးနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိသည်။ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်ပါက ကုန်ပစ္စည်း အသုံးပြုမှုကို ချက်ချင်းရပ်သင့်သည်။ ဆိုးရွားသော အရေပြား ဓာတ်မတည့်တုံ့ပြန်မှု၏ လက္ခဏာများတွင် ကုန်ပစ္စည်း လိမ်းထားသည့်နေရာ၌ ပုံမှန်အားဖြင့် ဖြစ်ပေါ်လေ့ရှိသည့် အင်ပျဉ်ကဲ့သို့ အနီကွက်ထခြင်းများ၊ ဖူးရောင်ခြင်းနှင့် ရောင်ရမ်းခြင်းများ ပါဝင်နိုင်သည်။ ထိုတုံ့ပြန်မှုများတွင် ယားယံခြင်းနှင့် အနည်းငယ် မသက်မသာဖြစ်ခြင်းတို့ပါ ဖြစ်ပေါ်နိုင်သည်။ အခြေအနေအများစုတွင် ကုန်ပစ္စည်းအသုံးပြုမှုကို ရပ်ဆိုင်းပြီးနောက် နှစ်ရက်မှ သုံးရက်အတွင်း ဘေးထွက်ဆိုးကျိုးများ သက်သာသွားပါမည်။ တုံ့ပြန်မှု သက်သာလာသည်နှင့်အမျှ နဂိုအခြေအနေသို့ ပြန်မရောက်မချင်း အရေပြားသည် ခြောက်သွေ့ပြီး အဖတ်လိုက် ကွာကျနိုင်သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို အသုံးပြုရာတွင် ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်စုံတစ်ရာရှိပါက ၎င်းကိုစစ်ဆေးရန် ရိုးရှင်းသော ဓာတ်မတည့်ခြင်း စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်သင့်သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်း ပမာဏ အနည်းငယ်ကို လက်ဖျံ၏ အတွင်းဘက်တွင် လိမ်းပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းရှိမရှိ သိရှိရန် 24 နာရီကြာ စောင့်ဆိုင်းခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်သည်။ သိသိသာသာ အရေပြားနီမြန်းခြင်း (အရေပြား အနီစက်ထခြင်း) သို့မဟုတ် အရေပြား အနည်းငယ် ရောင်ရမ်း (ရောင်ကိုင်း) ခြင်းသည် ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်ခြေရှိကြောင်း ညွှန်ပြနိုင်သည်။

မတော်တဆ မျိုချမိခြင်း

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို မတော်တဆ မျိုချမိပါက Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် အဆိပ်အတောက် မရှိသောကြောင့် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့် ခံစားချက်များထက် ကျော်လွန်၍ မည်သည့်ဘေးထွက်ဆိုးကျိုးများကိုမျှ ခံစားရနိုင်မည်မဟုတ်ပေ။ သို့သော် အထူးသဖြင့် မွေးကင်းစကလေး သို့မဟုတ် ကလေးငယ်တစ်ဦးက မတော်တဆ မျိုချမိသောအခါတွင် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူရန် အကြံပြုထားသည်။

ဘူးဖွင့်ပြီးနောက် အသုံးပြုရမည့်ကာလ (PAO)

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း၏ ဘူးဖွင့်ပြီးနောက် အသုံးပြုရမည့်ကာလမှာ 12 လဖြစ်သည်။ ဤသည်မှာ ကုန်ပစ္စည်း ဘေးကင်းမှုရှိပြီး အသုံးပြုသူကို ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်သည့် ဘူးဖွင့်ပြီးနောက် အသုံးပြုရမည့် ကာလဖြစ်သည်။

ထုတ်လုပ်မှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း ထုတ်လုပ်မှုသည် အလှကုန်ပစ္စည်းများအတွက် ISO 22716:2007 ၏ ကောင်းမွန်သော ထုတ်လုပ်မှုဆောင်ရွက်ချက် (GMP) သတ်မှတ်ချက်များနှင့် ကိုက်ညီပါသည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအားလုံးတွင် လေ့လာဆန်းစစ်မှု အသိအမှတ်ပြုလက်မှတ် (COA) ပါရှိပြီး ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းများအားလုံးတွင် စည်းကမ်းလိုက်နာမှု အသိအမှတ်ပြုလက်မှတ် (COC) ပါရှိသည်။ အရည်အသွေးထိန်းချုပ်မှု စစ်ဆေးမှုများ မအောင်မြင်မချင်း ကုန်ကြမ်း သို့မဟုတ် ထုပ်ပိုးပစ္စည်းများကို ထုတ်လုပ်ခြင်းတွင် သုံးခွင့်မပြုပါ။ ရောနှောထားသော Bio‑Oil® ကိုယ်လိမ်းလိုးရှင်း အသုတ်တိုင်းကို သီးသန့်အသုတ်နံပါတ် သတ်မှတ်ပေးပါသည်။ အသုတ်မှ နမူနာကို ပုံပန်းသွင်ပြင်၊ အ​ရောင်၊ အနံ့၊ ဓာတုပစ္စည်း၏ အလင်းစုပ်ယူမှုပမာဏ တိုင်းတာမှု၊ သိပ်သည်းဆ၊ စေးကပ်မှုနှင့် အဏုဇီဝဗေဒတို့အရ ခွဲခြားသတ်မှတ်ခြင်းအတွက် ဓာတ်ခွဲခန်းမှ စမ်းသပ်သည်။ နမူနာကို လေးနှစ်ကြာ ထိန်းသိမ်းထားသည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို ဖြည့်သွင်းခြင်းနှင့် ထုပ်ပိုးခြင်းကို အပူချိန်နှင့် စိုထိုင်းဆ ထိန်းချုပ်ထားသည့် စက်ရုံတွင် ပြုလုပ်သည်။ ဖုန်မှုန့်ကြောင့် ညစ်ညမ်းမှုကို တားဆီးရန် လေသည် ထိရောက်မှုမြင့်မားသော အမှုန်အမွှားပါသည့်လေ (HEPA) စစ်ထုတ်သည့် စနစ်တစ်ခုကို ဖြတ်သန်းသွားပါသည်။ ထုတ်လုပ်မှုလိုင်းများတွင် အလုပ်လုပ်သော ဝန်ထမ်းများသည် ဦးထုပ်များ၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ လက်အိတ်များ၊ အပေါ်ရုံအင်္ကျီများနှင့် ဖိနပ်အစွပ်များဝတ်ဆင်ကြသည်။ နမူနာများကို ပုံမှန်အချိန်များခြား၍ လိုင်းမှ ထုတ်ယူပြီး ပုံမှန်မဟုတ်သော ပြစ်ချက်များ မရှိအောင် ကြိုတင်ကာကွယ်မှုအနေဖြင့် အရည်အသွေးထိန်းချုပ်ရေးဌာနက စစ်ဆေးသည်။ အသုတ်နံပါတ်တစ်ခုကို ပုလင်း၊ ဘူးနှင့် ပစ္စည်းထည့်ထားသည့်ကတ်ထူပုံးတွင် ရိုက်နှိပ်ထားပြီး ထုတ်လုပ်သည့်အသုတ်တစ်ခုစီမှ ထိန်းသိမ်းနမူနာကို လေးနှစ်ကြာ သိမ်းဆည်းထားသည်။

သိမ်းဆည်းမှု လမ်းညွှန်ချက်များ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့သော အေးမြသည့် နေရာတွင် သိမ်းဆည်းသင့်ပါသည်။

ပြန်လည်အသုံးပြုခြင်း

Bio‑Oil® ကိုယ်လိမ်းလိုးရှင်း ထုပ်ပိုးမှုအားလုံး (ပုလင်း၊ အဖုံးနှင့် ဘူး) ကို ပြန်လည်အသုံးပြုနိုင်ပါသည်။

အသိအမှတ်ပြု လက်မှတ်များ

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းသည် ဟာလာထောက်ခံချက်နှင့် Kosher အသိအမှတ်ပြုမှု ရရှိထားသည်။

တိရစ္ဆာန်များတွင် စမ်းသပ်မထားခြင်း

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းနှင့် ၎င်း၏အစိတ်အပိုင်း ကုန်ကြမ်းများကို အလှကုန်အတွက် တိရစ္ဆာန် စမ်းသပ်ခြင်းဆိုင်ရာ EU စည်းမျဉ်းများနှင့်အညီ ထုတ်လုပ်ထားသည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကိုရော ၎င်း၏ ပါဝင်ပစ္စည်းများကိုပါ Bio‑Oil သို့မဟုတ် ၎င်း၏ ကုန်ကြမ်းသွင်းသူများက တိရစ္ဆာန်များတွင် စမ်းသပ်ထားခြင်းမရှိပါ။

တိရစ္ဆာန်ထွက်ပစ္စည်း မပါဝင်ခြင်း

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းတွင် တိရစ္ဆာန်မှရရှိသော ပစ္စည်းများ မပါဝင်ပါ။

အသွင်အပြင် ပြောင်းလဲမှု

Bio‑Oil® ကိုယ်လိမ်းလိုးရှင်းတွင် Calendula ပန်းအဆီနှင့် မရှိမဖြစ်လိုအပ်သော အဆီများအပြင် ဗီတာမင် A ပါလ်မီတိတ် ပါဝင်ပြီး ၎င်းတို့အားလုံးသည် အလင်းဒဏ်မခံနိုင်သော အရာများဖြစ်သည်။ နေရောင်ခြည်နှင့် ထိတွေ့လျှင် အချိန်ကြာလာသည်နှင့်အမျှ အရောင်ပြောင်းသွားနိုင်သည်။ Bio‑Oil® ကိုယ်လိမ်းလိုးရှင်းကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့သော နေရာတွင် သိမ်းဆည်းသင့်ပါသည်။

ထုပ်ပိုးမှု

Bio‑Oil ကိုယ်လိမ်းလိုးရှင်း၏ ကုန်ပစ္စည်းပုံ