ဤဝက်ဘ်ဆိုက်သည် ကိုယ်​ရေးအချက်အလက် လုံခြုံ​ရေး မူဝါဒ တွင် ပါသည့်အတိုင်း ကွတ်ကီးများကို အသုံးပြုထားပါသည်။ ကွတ်ကီးများ အသုံးပြုမည်ကို သင် သဘောတူပါက ကျေးဇူးပြု၍ လက်ခံပါသည်ကို နှိပ်ပါ။
လက်ခံပါသည်
ကိုယ်​ရေးအချက်အလက် လုံခြုံ​ရေး မူဝါဒ

ဤဝက်ဘ်ဆိုက်ကို သင်၏ကိရိယာပေါ်တွင် မှန်မှန်ကန်ကန် ဖွင့်နိုင်ရန် သင်၏ ဘရောင်ဇာ အချက်အလက်အသေးစိတ်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ကျွန်ုပ်တို့က ကွတ်ကီများအသုံးပြုခြင်းကို သင် လက်ခံလိုက်မှသာ သင်၏ ကိရိယာပေါ်တွင် ဒေတာဖိုင်အသေးစားတစ်ခုကို ကျွန်ုပ်တို့တင်လိုက်ပြီး ယင်းက သင်၏တည်နေရာ၊ လုပ်ဆောင်ချက်နှင့် ဦးစားပေးချက်များကို ကျွန်ုပ်တို့ မှတ်သားထားနိုင်ပြီး သင့်အတွက် သုံးစွဲမှု အတွေ့အကြုံကို မြှင့်တင်ပေးနိုင်ပါမည်။ အထက်ပါ အသုံးပြုမှုမှလွဲပြီး ဥပဒေအရ လိုအပ်မှုမရှိပါက သင်၏ဒေတာများကို အခြားသူများထံ ကျွန်ုပ်တို့ မျှဝေမည်မဟုတ်ပါ။

Bio‑Oil® / Bi-Oil® / Bioil®

Bio‑Oil သည် သုတေသနများပြုလုပ်ပြီး အများထက်သာလွန်သော ကုန်ပစ္စည်းစွမ်းဆောင်ရည်ကို အောင်မြင်ရရှိစေရန် အဆီကို အသုံးပြုထားသည့် အထူး အသားအရေစောင့်ရှောက်ရေး ကုန်ပစ္စည်းများကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါသည်။ သြစတြီးယား၊ ချက် သမ္မတနိုင်ငံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆလိုဗားကီးယားနှင့် ဆွစ်ဇာလန်နိုင်ငံများမှလွဲ၍ ကုန်အမှတ်တံဆိပ်ကို Bio‑Oil® အဖြစ် နိုင်ငံအားလုံးတွင် သိရှိကြပါသည်။ ဖော်ပြပါနိုင်ငံများတွင် Bi-Oil® အမည်ကို အသုံးပြုပြီး ဂျပန်နိုင်ငံတွင် Bioil® အမည်ကို အသုံးပြုပါသည်။

ကုန်ပစ္စည်းအကြောင်း

၁၉၈၇ ခုနှစ်တွင် Bio‑Oil က အမာရွတ်များနှင့် အကြောပြတ်ရာများ ပိုမိုမှေးမှိန်သွားအောင် ဆောင်ရွက်ရာတွင် အဆီကို အသုံးပြု၍ ရှေ့ဆောင်တီထွင်ခဲ့ပါသည်။ ထိုအချိန်က ဆိုင်များတွင် ရရှိနိုင်သော ကုန်ပစ္စည်းအားလုံးနီးပါးသည် ခရင်မ် သို့မဟုတ် လိုးရှင်းများသာ ဖြစ်နေခဲ့သောကြောင့် ဤအဆီဖြင့် ပြုလုပ်သော ကုန်ပစ္စည်းအပေါ် သံသယပွားမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ယနေ့အချိန်အခါ၌ ဤကုန်ပစ္စည်းသည် အမာရွတ်နှင့် အကြောပြတ်မှုအတွက် ကမ္ဘာ့ဦးစီးဦးဆောင် ကုန်ပစ္စည်းဖြစ်လာပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် Bio‑Oil က အခြားအရေပြားဆိုင်ရာ ကိစ္စရပ်များကို ကုသရာတွင် အဆီကို အသုံးပြုနိုင်မည့်နည်းအား သုတေသနလုပ်ရန် ရည်ရွယ်သည့် အထူးဓာတ်ခွဲခန်း တစ်ခု တည်ထောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ခြောက်သွေ့သောအသားအရေအတွက် အဆီအခြေခံ ဂျယ်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ၁၀၀% သဘာဝအဆီများမှ ပြုလုပ်ထားသည့် ကုန်ပစ္စည်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် အဆီပါဝင်မှုမြင့်မားသည့် ကိုယ်လိမ်းလိုးရှင်းတစ်မျိုးကို ဈေးကွက်တွင် မိတ်ဆက်ခဲ့သည်။ Bio‑Oil သည် ကမ္ဘာတစ်ဝှမ်းရှိ အသားအရေစောင့်ရှောက်ရေး လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီများအား ၎င်း၏ ထုတ်ကုန်ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ပေးလျက် သုတေသနလုပ်ငန်းအပေါ် အထူး အာရုံစိုက်လျက် ရှိပါသည်။ Bio‑Oil ထုတ်ကုန်များနှင့်ပတ်သက်ပြီး ထပ်ဆောင်းအချက်အလက်များ ရရှိလိုလျှင် ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဆေးဆိုင်သို့ ကြွလှမ်းခဲ့ပါ။

အမာရွတ်များနှင့် အကြောပြတ်ရာများ

အဆီတွင် အသားအရေ ပိုမိုကောင်းမွန်လာစေရန်အတွက် ထူးခြားသည့် စွမ်းရည်များ ပါရှိပါသည်။ ရှေးရိုးစဉ်လာအရ အဆီ၏ အကျိုးကျေးဇူးများကို အများဆုံးသိခဲ့ရသည် ဖြစ်သောကြောင့် မည်သို့မည်ပုံ၊ မည်သည်ကြောင့် ဖြစ်သည်ကိုမူ အပြည့်အဝ နားမလည်နိုင်ပါ။ Bio‑Oil® Skincare Oil သည် ကုသမှုပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် ပေးပို့ခဲ့သည့် ပထမဆုံး အဆီထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး အမာရွတ်များနှင့် အကြောပြတ်ရာများကို ပိုမို မှေးမှိန်သွားစေနိုင်ကြောင်း သက်သေပြခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဆရာဝန်များနှင့် ဆေးဝါးပညာရှင်များအနေဖြင့် ဤကုန်ပစ္စည်းကို စတင်တိုက်တွန်းအကြံပြုဖြစ်စေခဲ့ခြင်းသည် ဤလက်တွေ့စမ်းသပ်မှုများ၏ အောင်မြင်မှုပင် ဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင် Bio‑Oil® Skincare Oil သည် အသားအရေစောင့်ရှောက်မှုပိုင်းတွင် ၎င်း၏အမည်အတွက် ဆုပေါင်း ၄၀၀ ကျော်ရရှိထားသည့် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် ကမ္ဘာ့ထိပ်တန်း ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။ ကုန်ပစ္စည်းအချက်အလက်

Bio-Oil Skincare Oil ၏ ထုတ်ကုန်ပုံ

ခြောက်သွေ့သော အသားအရေ

ခြောက်သွေ့သော အသားအရေကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ အစိုဓာတ် လွင့်ပျံမှုကို ရပ်တန့်ရန် အရေပြားပေါ်တွင် ပိတ်ဆို့သည့်အလွှာတစ်ခုထားရှိခြင်း ဖြစ်သည်။ ခြောက်သွေ့သော အသားအရေအတွက် ရိုးရာကုန်ပစ္စည်းများဖြစ်သော (ခရင်မ်များ၊ လိုးရှင်းများနှင့် ထောပတ်များ) ထဲတွင် ထိုသို့ အစားဖြည့်ပေးရန် ရည်ရွယ်၍ အဆီ၊ ဖယောင်း သို့မဟုတ် ထောပတ် ၂၀% ထည့်ထားပါသည်။ Bio‑Oil® Dry Skin Gel ထဲတွင် ၈၄% ထည့်ပေးထားပါသည်။ ၂၀၁၈ ခုနှစ်တွင် Bio‑Oil® Dry Skin Gel ကို ကမ္ဘာအနှံ့သို့ စတင်ဖြန့်ချိခဲ့သည်။ ကုန်ပစ္စည်းအချက်အလက်

Bio-Oil Dry Skin Gel ၏ ထုတ်ကုန်ပုံ

အမာရွတ်များနှင့် အကြောပြတ်ရာများအတွက် (သဘာဝ ဖော်မြူလာ)

သဘာဝ ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကုန်ပစ္စည်းများအတွက် ဝယ်လိုအား မြင့်တက်လာသဖြင့် Bio‑Oil သည် အမာရွတ်နှင့် အကြောပြတ်ရာများအတွက် သဘာဝပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားသည့် ကုန်ပစ္စည်းတစ်ခုကို ဖော်ထုတ်ခဲ့ပါသည်။ လက်တွေ့စမ်းသပ်မှုရလဒ်များအရ အဆိုပါ ကုန်ပစ္စည်းသည် Bio‑Oil ၏ အမာရွတ်နှင့် အကြောပြတ်ရာအတွက် မူလကုန်ပစ္စည်းကဲ့သို့ပင် အာနိသင်ရှိကြောင်း ပြသခဲ့ပြီး ယင်းက အုပ်စု ဦးဆောင် ကုန်ပစ္စည်း၏ စွမ်းဆောင်ရည်ကို ပြည့်မီကြောင်း သက်သေပြခဲ့သည့် သဘာဝကုန်ပစ္စည်းတစ်ခု ပထမဆုံးအကြိမ် ဖြစ်စေခဲ့ပါသည်။ Bio‑Oil® Skincare Oil (Natural) က ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့သို့ စတင်​ရောက်ရှိခဲ့ပါသည်။ ကုန်ပစ္စည်းအချက်အလက်

Bio-Oil Skincare Oil Natural ၏ ထုတ်ကုန်ပုံ

ကိုယ်ခန္ဓာ အစိုဓာတ်ဖြည့်ပေးခြင်း

အကောင်းဆုံး ကိုယ်ခန္ဓာ အစိုဓာတ်ဖြည့်ပေးသည့် အဆီဆိုသည်မှာ ချက်ချင်း အသားထဲစိမ့်ဝင်သွားပြီး စေးကပ်ကပ် မကျန်ရစ်စေဘဲ အဝတ်အစား ချက်ချင်းဝတ်၍ ရစေသည့် ပစ္စည်းမျိုး ဖြစ်သည်။ အစိုဓာတ်ဖြည့်ပေးသည့်အခါ အစိုဓာတ်ကို ကူညီ ထိန်းထားပေးရန်အတွက် အရေပြားပေါ်တွင် အဆီလွှာတစ်ခု ချန်ထားပေးဖို့ လိုအပ်သောကြောင့် နည်းပညာအရ ထိုသို့ လုပ်ဆောင်ရန်မှာ ခက်ခဲလှပါသည်။ Bio‑Oil® Body Lotion ကို ဖော်စပ်ရာတွင် အသုံးပြုထားသည့်နည်းပညာမှာ လိုးရှင်းတွင်အဆီဓာတ်ပါဝင်မှုကို မြင့်မားစေရုံသာမက အလွန်ပေါ့ပါးမှုကိုဖြစ်စေသော Bio‑Oil ၏ ‌မသုံးခင်လှုပ်ခါပါဟူသော ရှေ့ဆောင်နည်းပညာဖြစ်ပါသည်။ Bio‑Oil® Body Lotion ကို ၂၀၂၁ ခုနှစ်တွင် ကမ္ဘာအနှံ့ စတင်ဖြန့်ချိခဲ့ပါသည်။ ကုန်ပစ္စည်းအချက်အလက်

Bio-Oil Body Lotion ၏ ထုတ်ကုန်ပုံ